ဓမ္မကာယကျောင်းမှာ ရဲနဲ့ သံဃာတော်တွေ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး သံဃာတော်တချို့ ဒဏ်ရာရ

0
317

ထိုင်းနိုင်ငံမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှေ့မှာ သံဃာတော်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ထိပ်တိုက်တွေ့ဆုံ လုံးထွေးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မြို့တော် ဘန်ကောက်မြောက်ပိုင်းက ဓမ္မကာယ ဘုန်းကြီးကျောင်းကို ရဲတွေက ဝိုင်းထားပြီး အဲဒီရှေ့မှာကာထားတဲ့ သံဃာတော်တွေကို လူစုခွဲဖို့ ပြောပေမဲ့ သံဃာတွေက ဆက်လက်နေခဲ့ရာကနေ ပဋိပက္ခ ဖြစ်ပွားခဲ့တာပါ။

ဒီပြဿနာရဲ့ အစဟာ ငွေကြေးခဝါချမှုနဲ့ အလိုရှိနေတဲ့ ဓမ္မကာယကျောင်းထိုင်ဘုန်းကြီးဟောင်း ဖရာ ဓမ္မချာယိုကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ရှာဖွေရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းဝန်းအတွင်းက ဒါယိကာတွေနဲ့ သံဃာတော်တွေကို ဖယ်ရှားဖို့ ကြေညာခဲ့ပေမဲ့ ဖယ်ရှားခဲ့ခြင်းမရှိပါဘူး။

ဗုဒ္ဓဘာသာဝင် ၉၅ ရာခိုင်နှုန်းရှိတဲ့ ထိုင်းနိုင်ငံမှာ ဒီကိစ္စဟာ အာဏာသိမ်း စစ်အစိုးရအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့ပြီး လေးရက်ကြာမြင့်တဲ့တိုင်အောင် သံဃာတော်တွေနဲ့ နောက်လိုက်တွေက ဘုန်းကြီးကျောင်းရှေ့မှာ ဝန်းရံခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ ဖြစ်ပွားတဲ့ ပဋိပက္ခကြောင့် သံဃာတော်အချို့အသေးစား ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့တာကြောင့် ဆေးကုသခဲ့ရပေမဲ့ အကြီးစားထိခိုက်တာတော့ မရှိခဲ့ပါဘူး။ စစ်တပ်နဲ့ ရဲကတော့ ဘုန်းကြီးကျောင်းရှိတဲ့ နယ်မြေတစ်ဝိုက်ကို လုံးဝထိန်းချုပ်ထားပြီး အနီးတစ်ဝိုက်က လမ်းတွေကိုလည်း ပိတ်ဆို့ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)