ဟစ်တလာသုံးခဲ့တဲ့ တယ်လီဖုန်း အမေရိကန်မှာ ဒေါ်လာ ၂ သိန်းကျော်နဲ့ လေလံတင် ရောင်းထွက်

0
309

နာဇီအာဏာရှင် အဒေါ့ဖ်ဟစ်တလာ ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့တဲ့ တယ်လီဖုန်းကို အမေရိကန်ပြည်ထောင်စုမှာ လေလံတင်ရောင်းချခဲ့ရာမှာ ဒေါ်လာ ၂၄၃၀၀၀ နဲ့ ရောင်းထွက်ခဲ့ပါတယ်။

လေ့လံပွဲကို မေရီလန်းပြည်နယ်၊ ချိစပိတ်ခ်မြို့မှာ လုပ်ခဲ့တာဖြစ်ပြီး လေလံအောင်ခဲ့သူရဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောကြားတာမျိုး မရှိခဲ့ပါဘူး။

ဟစ်တလာရဲ့ နာမည် ရေးထွင်းထားတဲ့ အဲဒီအနီရောင်ဖုန်းကို ၁၉၄၅ ခုနှစ်က ဘာလင်က သူပုန်းအောင်းခဲ့တဲ့ ကတုတ်ကျင်းထဲမှာ တွေ့ရှိခဲ့တာပါ။

အဲဒီနောက် ဂျာမနီတွေ စစ်ရှုံးပြီးနောက်မှာ ဆိုဗီယက်(အခုရုရှား)စစ်သားတွေက ဗြိတိသျှအရာရှိ ဆာရပ်ဖ်လ်ရေနာကို လက်ဆောင်ပေးခဲ့တာပါ။ အဲဒီနောက်မှာတော့ ဗြိတိသျှ အရာရှိက အလက်ဇန်းဒါးသမိုင်းဝင်ပစ္စည်း လေလံတင် ဌာနကို ပြန်လည် ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)