ကင်ဂျုံနမ် သေဆုံးမှုနဲ့ပတ်သက်ပြီး မလေးရှားနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး တင်းမာလာ

0
286

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ဖအေတူမအေကွဲ အစ်ကို ကင်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနဲ့ မလေးရှား အစိုးရကြား ဆက်ဆံရေး တင်းမာလာနေပါတယ်။

ကင်ဂျံနမ်ဟာ မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူလေဆိပ်မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က လုပ်ကြံခံခဲ့ရပြီး မလေးရှားနိုင်ငံက သူ့ရဲ့ ရုပ်အလောင်းကို စစ်ဆေးနေတာပါ။

မြောက်ကိုရီးယားဘက်က အလောင်းကို တိုက်ရိုက်ပို့ပေးဖို့ တောင်းဆိုပေမဲ့လည်း မလေးရှားဘက်ကတော့ စစ်ဆေးချက်ရလဒ် ထွက်ပြီးမှ ပို့ပေးမယ့်အကြောင်းနဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့လောက်မှာ ရလဒ် တရားဝင် ထွက်လာနိုင်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ကင်ဂျုံနမ်ဟာ ကင်ဂျံအန်အပေါ် ဝေဖန်တာမျိုးတွေရှိခဲ့တာကြောင့် ဒီလုပ်ကြံမှုနောက်ကွယ်မှာ မြောက်ကိုရီးယားအစိုးရပါနေနိုင်တယ်လို့ တောင်ကိုရီးယားအပါအဝင် နိုင်ငံတချို့က စွပ်စွဲနေကြချိန် မလေးရှားက ခုလို လုပ်တဲ့အတွက် မြောက်ကိုရီးယားကတော့ မလေးရှားဟာ ပြင်ပဖိအားတွေကြောင့် ခုလို လုပ်နေတာလို့ စွပ်စွဲနေပါတယ်။ မလေးရှားရဲ့ စစ်ဆေးချက်ကိုလည်း မယုံဘူးလို့ မြောက်ကိုရီးယားသံအမတ်က ပြောကြားခဲ့ပါသေးတယ်။

လက်ရှိမှာ မလေးရှားက မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကို ပြန်ခေါ်ထားပြီး မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကို ဆင့်ခေါ်တွေ့ဆုံတာတွေ လုပ်နေတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)