ပြည်တွင်းစစ်နဲ့ စီးပွားရေးယိုယွင်းမှုကြောင့် တောင်ဆူဒန်နိုင်ငံ အငတ်ဘေးကြေညာ

0
252

ပြည်တွင်းစစ်နဲ့ စီးပွားရေးယိုယွင်းမှုတွေကြောင့် တောင်ဆူဒန်နိုင်ငံဟာ အငတ်ဘေးကြီး ဆိုက်နေပြီလို့ တရားဝင် ကြေညာလိုက်ပါတယ်။

ဒါဟာ ခြောက်နှစ်အတွင်း ကမ္ဘာ့နေရာတစ်ခုမှာ အငတ်ဘေးဆိုက်တယ်လို့ ပထမဆုံးကြေညာတဲ့ ဖြစ်ရပ်ဖြစ်လာခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ တောင်ဆူဒန်အစိုးရရဲ့ ထုတ်ပြန်ချက်အရ လူပေါင်း ၁ သိန်းလောက်ဟာ စားနပ်ရိက္ခာ ငတ်မွတ်ခေါင်းပါးနေပြီး နောက်ထပ် လူ ၁ သန်းလောက်လည်း အငတ်ဘေးဆိုက်တော့မယ့် အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။

အခုလို အငတ်ဘေးဆိုက်ရတာရဲ့ အဓိက အကြောင်းရင်းတွေကတော့ စစ်ဘေးနဲ့ စီးပွားရေးဆုတ်ယုတ်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ယီမင်၊ ဆိုမာလီယာနဲ့ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ အငတ်ဘေးဆိုက်တော့မယ်လို့ သတိပေးချက်တွေ ထွက်ပေါ်နေချိန်မှာ တောင်ဆူဒန်ကတော့ ပထမဆုံး အငတ်ဘေးကြေညာလိုက်တဲ့ နိုင်ငံ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က လာမယ့် ခြောက်လအတွင်း လူပေါင်း သန်း ၂၀ ကျော် အစာငတ်မွတ်ခေါင်းပါးမှု၊ အငတ်ဘေးတို့နဲ့ ကြုံတွေ့နိုင်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ သတိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)