ဒေါ့မွန်အတွက် ပွဲဦးထွက်ကစားတဲ့ပွဲမှာ ဟတ်ထရစ်ဂိုး သွင်းယူနိုင်တဲ့ ဟာလန်း

0
40

ဒေါ့မွန်အသင်းအတွက် ပွဲဦးထွက် စတင်ကစားချိန်မှာပဲ နော်ဝေ လူငယ်တိုက်စစ်မှူး ဟာလန်းဟာ အသင်း အတွက် ဟတ်ထရစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိ ဟယ်လန်းဟာ ဒေါ့မွန်နဲ့ အော်စ်ဘတ်တို့ ကစားတဲ့ ဂျာမနီ အမှတ်ပေးပြိုင်ပွဲမှာ ပွဲချိန် ၅၉ မိနစ်၊ ၇၀ မိနစ်နဲ့ ၇၉ မိနစ်တို့မှာ ဟတ်ထရစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဟယ်လန်းဟာ လက်ရှိ အပြောင်းအရွှေ့ ကာလအတွင်း ရက်ဘူးဆဲလ်ဘတ် အသင်းကနေ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၇ ဒသမ ၁ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

အသငြးအတှကြ ပှဲဦးထှကြ ကစားတဲ့ပှဲစဉမြှာ ဂိုးသှငြးယူနိုငတြဲ့အတှကြ ကွနပေပြွောရြှငကြှောငြး၊ ဂိုးတှေ သှငြးယူနိုငဖြို့ ဒေါ့မှနအြသငြးကို ပှောငြးရှှေ့လာခဲ့တာ ဖှဈကှောငြး ဟယလြနြးက ပှောပါတယြ။ ဒေါ့မှနအြသငြးဟာ အောဈြဘတနြဲ့ ပှဲစဉမြှာ ဦးဆောငဂြိုး နှဈဂိုး သှငြးယူခံရပှီးနောကြ ခွပဂေိုးနဲ့ အနိုငဂြိုးတှေ သှငြးယူနိုငခြဲ့တဲ့အတှကြ ၅ ဂိုး ၃ ဂိုးနဲ့ အနိုငရြခဲ့တာပါ။ အောဈြဘတကြို အနိုငရြတဲ့အတှကြ ဒေါ့မှနအြသငြးဟာ ဂွာမနီ အမှတပြေးပှိုငပြှဲမှာ ရမှတြ ၃၃ မှတနြဲ့ အဆင့ြ လေးနရောမှာ ရပတြညနြပေါတယြ။

ဒေါ့မှနျအတှကျ ပှဲဦးထှကျကစားတဲ့ပှဲမှာ ဟတျထရဈဂိုး သှငျးယူနိုငျတဲ့ ဟာလနျး 

ဒေါ့မွန်အသင်းအတွက် ပွဲဦးထွက် စတင်ကစားချိန်မှာပဲ နော်ဝေ လူငယ်တိုက်စစ်မှူး ဟာလန်းဟာ အသင်း အတွက် ဟတ်ထရစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ 

အသက် ၁၉ နှစ်အရွယ်ရှိ ဟယ်လန်းဟာ ဒေါ့မွန်နဲ့ အော်စ်ဘတ်တို့ ကစားတဲ့ ဂျာမနီ အမှတ်ပေးပြိုင်ပွဲမှာ  ပွဲချိန် ၅၉ မိနစ်၊ ၇၀ မိနစ်နဲ့ ၇၉ မိနစ်တို့မှာ ဟတ်ထရစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဟယ်လန်းဟာ လက်ရှိ အပြောင်းအရွှေ့ ကာလအတွင်း ရက်ဘူးဆဲလ်ဘတ် အသင်းကနေ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၇ ဒသမ ၁ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ 

အသင်းအတွက် ပွဲဦးထွက် ကစားတဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်တဲ့အတွက် ကျေနပ်ပျော်ရွင်ကြောင်း၊ ဂိုးတွေ သွင်းယူနိုင်ဖို့ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ကြောင်း ဟယ်လန်းက ပြောပါတယ်။ ဒေါ့မွန်အသင်းဟာ အော်စ်ဘတ်နဲ့ ပွဲစဉ်မှာ ဦးဆောင်ဂိုး နှစ်ဂိုး သွင်းယူခံရပြီးနောက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့အတွက် ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ အော်စ်ဘတ်ကို အနိုင်ရတဲ့အတွက် ဒေါ့မွန်အသင်းဟာ ဂျာမနီ အမှတ်ပေးပြိုင်ပွဲမှာ ရမှတ် ၃၃ မှတ်နဲ့ အဆင့် လေးနေရာမှာ ရပ်တည်နေပါတယ်။