ကက္ရွ္မီးယားေဒသမွာ ပစ္ခတ္မႈျဖစ္လို႔ အိႏၵိယဘက္က ၃ ဦးေသၿပီး ၂၆ ဦး ဒဏ္ရာရ

0
2087

အိႏၵိယနဲ႔ ပါကစၥတန္တို႔ ဟာ အျငင္းပြားေနတဲ့ ကက္ရွ္မီးယားေဒသမွာ ၿပီးခဲ့တဲ့ ဇန္န၀ါရီ ၁၉ ရက္က ပစ္ခတ္မႈေတြျဖစ္ခဲ့ၿပီး  အိႏၵိယဘက္က သံုးဦး ေသဆံုးၿပီး ၂၆ ဦး ဒဏ္ရာရရွိသြားပါတယ္။  

အိႏၵိယထိန္းခ်ဳပ္ထားတဲ့ ကက္ရွ္မီးယားနယ္ထဲမွာရွိတဲ့ လူေနထူထပ္ရာ ဧရိယာတစ္ခုထဲကို ပါကစၥတန္ စစ္တပ္ဘက္က ပစ္ခတ္ခဲ့တာျဖစ္တယ္လို႔ အိႏၵိယဘက္က ေျပာပါတယ္။

အိႏၵိယ ႏိုင္ငံ ကနယ္စပ္ေဒသမွာပါကစၥတန္ က အေျမွာက္ေတြ ပါ ပစ္ခတ္တာေတြရွိခဲ့တယ္လို႔ေျပာပါတယ္။

ကက္ရွ္မီးယားေဒသက အရပ္သားႏွစ္ဦး၊ နယ္ျခားေစာင့္ လံုၿခံဳေရးတပ္ဖြဲ႕၀င္တစ္ဦးတို႔ ေသဆံုးသြားခဲ့ၿပီး အျခား အရပ္သား ၂၄ ဦး၊ စစ္သား ႏွစ္ဦးတို႔ ဒဏ္ရာအသီးသီး ရသြားတယ္လို႔ မီဒီယာေတြကေဖာ္ျပပါတယ္။  ပါကစၥတန္ကေတာ့ အိႏၵိယတို႔အေနနဲ႔ ႏွစ္ႏိုင္ငံနယ္စပ္တစ္ေလွ်ာက္ အပစ္ရပ္သေဘာတူညီခ်က္ထားခ်က္ကုိ ခ်ဳိးေဖာက္ထားခဲ့တယ္လို႔ နယ္စပ္ေဒသမွာပစ္ခတ္မႈမျဖစ္ခင္ က ေျပာခဲ့ပါတယ္။  

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကက်ရှ်မီးယားဒေသမှာ ပစ်ခတ်မှုဖြစ်လို့ အိန္ဒိယဘက်က ၃ ဦးသေပြီး ၂၆ ဦး ဒဏ်ရာရ

အိန္ဒိယနဲ့ ပါကစ္စတန်တို့ ဟာ အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်က ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး အိန္ဒိယဘက်က သုံးဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိသွားပါတယ်။

အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနယ်ထဲမှာရှိတဲ့ လူနေထူထပ်ရာ ဧရိယာတစ်ခုထဲကို ပါကစ္စတန် စစ်တပ်ဘက်က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အိန္ဒိယဘက်က ပြောပါတယ်။

အိန္ဒိယ နိုင်ငံ ကနယ်စပ်ဒေသမှာပါကစ္စတန် က အမြှောက်တွေ ပါ ပစ်ခတ်တာတွေရှိခဲ့တယ်လို့ပြောပါတယ်။
ကက်ရှ်မီးယားဒေသက အရပ်သားနှစ်ဦး၊ နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးတို့ သေဆုံးသွားခဲ့ပြီး အခြား အရပ်သား ၂၄ ဦး၊ စစ်သား နှစ်ဦးတို့ ဒဏ်ရာအသီးသီး ရသွားတယ်လို့ မီဒီယာတွေကဖော်ပြပါတယ်။

ပါကစ္စတန်ကတော့ အိန္ဒိယတို့အနေနဲ့ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် အပစ်ရပ်သဘောတူညီချက်ထားချက်ကို ချိုးဖောက်ထားခဲ့တယ်လို့ နယ်စပ်ဒေသမှာပစ်ခတ်မှုမဖြစ်ခင် က ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)