
0
2059





>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်အစိုးရယန္တရား တန့်ရပ်မယ့်အခြေနေနဲ့ရင်ဆိုင်နေရ

ဆီးနိတ်လွှတ်တော် က ဒီမိုကရတ်အမတ်တွေနဲ့ ရီပတ်ဘရီကန်အမတ်တွေက ဇန်နဝါရီ ၁၉ ရက် ညလယ်မတိုင်မီ အစိုးရဘတ်ဂျက်ကို အတည်မပြုနိုင်ခဲ့ပါက အစိုးရယန္တရား တန့်ရပ်မှု လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ မီဒီယာတွေကဖော်ပြပါတယ်။

အစိုးရရန်ပုံငွေဘတ်ဂျက် ရပ်ဆိုင်းခံထားရတာကြောင့် ဝန်ထမ်းပေါင်း ရှစ်သိန်းကျော် ထိခိုက်နိုင်ပါတယ်။
အစိုးရ ယန္တရား တန့်နေတာကြောင့် အလုပ်မရှိခြင်း၊ လုပ်အားခ မရခြင်းဖြစ်လာနိုင်ပါတယ်။

အစိုးရဝန်ထမ်းအင်အား ထောင်ပေါင်းများစွာအတွက် တန့်ရပ်မှု ကြုံရနိုင်တာအပြင် အမျိုးသားပန်းခြံများ၊ ပြတိုက်များနှင့် အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်တဲ့ ပုဂ္ဂလိကကုမ္ပဏီများအတွက်လည်း အခက်ခဲဖြစ်လာနိုင်ပါတယ်။

အတိုက်အခံဖြစ်သည့် ဒီမိုကရတ်များဖက်ကလည်း ဘတ်ဂျက်ရန်ပုံငွေကို တားဆီးပိတ်ဆို့ဖို့ ဆုံးဖြတ်ထားတယ်လို့ မီဒီယာတွေကဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)