
0
2163





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်က ဘယ်လ်ဂျီယံကို တိုက်လေယာဉ် ၃၄ စင်းရောင်းမယ်

အမေရိကန်နိုင်ငံ ဟာ ဘယ်လ်ဂျီယံ နိုင်ငံ ဆီကို F 35 အမျိုးအစား လေယာဉ် ၃၄ စင်းရောင်းချဖို့ သဘောတူညီလိုက်ပါတယ်။

ဘယ်လ်ဂျီယံရဲ့ ကာကွယ်ရေး စွမ်းဆောင်မှုနဲ့ လုံခြုံရေးပိုင်းပိုမိုကောင်းမွန်စေဖို့ ကူညီမှုအဖြစ် တိုက်လေယာဉ်တွေ ရောင်းချတာဖြစ်ပါတယ်။

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က အမေရိကန်လွတ်တော် ဟာ အမေရိက်ဒေါ်လာ ၆ ဒသမ ၅၃ သန်း ဘီလီယံတန်းကြေးရှိ တိုက်လေယာဉ်ရောင်းချမှုနဲ့ ပတ်သက်လို့ ခွင်ပြုခဲ့တယ်လို့ ဆိုပါတယ်။

စာချုပ်အရအမေရိကန် ဟာ တိုက်လေယာဉ်တွေရဲ့ရေဒါပစ္စည်းတွေအပြင် အဆင်မြင့်နည်းပညာတွေကိုလည်းလွဲပြောင်းပေးရမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ က ဘယ်လ်ဂျီယံနိုင်ငံအနေနဲ့ ဒေသအတွင်းမှာကျူးကျော်ရန်စမှုတွေကို တုံပြန်ကာကွယ်နိုင်လာမျာဖြစ်တယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)