
0
2085





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယား က တောင်းကိုရီးယားအိုလံပစ်ပြိုင်ပွဲဆီဖျော်ဖြေရေးအဖွဲ့ စေလွတ်ဖို့ ဖျက်သိမ်း

မြောက်ကိုရီးယားနိုင်ငံ ဟာ လာမယ့် လမှာတောင်ကိုရီးယားနိုင်ငံအတွင်းကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲမျာ ပါဝင်ဖျော်ဖြေမယ့်မြောက်ကိုရီးယားအဖွဲ့စေလွတ်ရေးကိုဖျက်သိမ်းလိုက်တယ်လို့တောင်ကိုရီးယားနိုင်ငံကပြောပါတယ်။

တောင်ကိုရီးယား ရဲ့ပေါင်းစည်းရေး ဝန်ကြီးက မြောက်ကိုရီးယားနိုင်ငံ ဟာ မူလအစီစဉ် အတိုင်း အဖွဲ့ ဝင် ၇ ဦးပါတဲ့မြောက်ကိုရီးယားဖျော်ဖြေရေးအဖွဲ့ကိုစေလွတ်တော့မှာမဟုတ်ဘူးလို့ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ဟာ ဖျက်သိမ်းရမှုနဲ့ ပတ်သက်လို့ အကြောင်းပြချက်မပေးပေမယ့် တောင်ကိုရီးယားနိုင်ငံကတော့ ကွင်းအတွင်းစစ်ဆေးခံရမှာကို နှစ်သက်မှုမရှိတာကြောင့် ဖျက်သိမ်းခဲ့တာဖြစ်နိုင်တယ်လို့ပြောပါတယ်။

တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယား တို့ ဟာ ဇန်နဝါရီ ၁၅ ရက်နေ့ကပြုလုပ်တဲ့ အဆင့်မြင့်အရာရှိတွေအစည်းအဝေးမှာ အဆိုတော်၊ အကသမားတွေကို တောင်ကိုရီးယားနိုင်ငံဆီ စေလွတ်ဖို့ သဘောတူညီခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)