
0
2096





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်လေကြောင်းခရီးစဉ် ၂၀ဝ နီးပါးကို ထိုင်ဝမ်ပိတ်ပင်

ထိုင်ဝမ် က တရုတ်လေကြောင်းခရီးစဉ် ၂၀ဝ နီးပါးကိုပိတ်ပင်မှုတွေလုပ်လိုက်ပါတယ်။ တရုတ်နိုင်ငံက အသစ်ပြဌာန်းလိုက်တဲ့ လေကြောင်းလမ်းကြောင်းသစ်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေဖြစ်နေတာကြောင့် တရုတ်လေကြောင်းခရီးစဉ်တွေကို ပိတ်လိုက်တာဖြစ်ပါတယ်။

ထိုင်ဝမ် ဟာ တရုတ် နိုင်ငံက လေကြောင်း လမ်းကြောင်းသစ် စတင်ချိန်တည်းက လေကြောင်းခရီးစဉ်သစ် ၄ ခုဖျက်သိမ်းဖို့တောင်းဆိုခဲ့ပါတယ်။

China Eastern Airlines နဲ့ Xiamen Air လေကြောင်း ကုမ္ပဏီတွေ ဟာ တရုတ်နှစ်ကူးချိန် မှ ဖေဖော်ဝါရီလအလယ်ပိုင်းအ ထိ တရုတ်နဲ့ ထိုင်ဝမ်ကြား ခရီးစဉ် ၁၇၆ ခုနှစ် ပျံသန်းနိုင်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် ထိုင်ဝမ် ဟာ လေကြောင်းရေးရာ ဌာနက လေကြောင်းလမ်းကြောင်းသစ်ကိုအသုံးပြုနေတဲ့ ကုမ္ပဏီနှစ်ခု ရဲ့တောင်းဆိုချက် ကိုခွင်ပြုဖို့ငြင်းဆန်လိုက်ပါတယ်။

အခုဖြစ်ရပ် ဟာ တရုတ်လေကြောင်း ကုမ္ပဏီတွေကို ထိုင်ဝမ်က ပထမဆုံးပိတ်ပင်လိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)