
0
2086






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်း ဆန္ဒပြမှုတွေကို ထိုင်းရဲတပ်ဖွဲ့ တားဆီးမှုတွေလုပ်

ထိုင်း ရဲတပ်ဖွဲ့ရာချီ ဟာ ဆန္ဒပြဖို့ စီစဉ်ထားတာတွေကို ပိတ်ဆို့တာဆီးမှုတွေ ပြုလုပ်လိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ နိုင်ငံအရှေ့မြောက်ပိုင်း Khon Kaen အ ထိ စီစဉ်ထားတဲ့ ဆန္ဒပြပွဲတွေကို ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ စစ်အစိုးရ ကအုပ်ချုပ်နေမှုကို နှစ်သက်မှုမရှိတာကြောင့် အစိုးရဆန်ကျင့်ရေးဆန္ဒပြပွဲပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်နောက်ပိုင်းတည်းက စစ်တပ်က အုပ်ချုပ်နေခဲ့တာဖြစ်ပြီး ထိုင်း စစ် အစိုးရ ဟာ အများပြားသူတွေ လုစုလူဝေးဖြစ်မှာကို ပိတ်ပင်တားဆီးမှုတွေပြုလုပ်ပြီးနောက်ပိုင်းဖြစ်လာတဲ့ ဆန္ဒပြမှုလည်းဖြစ်ပါတယ်။

ဘန်ကောက်မြို့ မြောက်ပိုင်း Rangsit, ရှိ တမ်မာဆက် တက္ကသိုလ်ဆီ ဆန္ဒပြသူ ၂၀ဝ ဦးစုရုံးရောက်ရှိလာပြီး ဆန္ဒပြခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဆန္ဒပြမှုကိုတားဆီးနိုင်ဖို့ တက္ကသိုလ် အတွင်းမှထွက်လို့မရအောင် ရဲတပ်ဖွဲ့ဝင် ၂၀ဝ ဦး က တက္ကသိုလ်အဓိကတံခါးမကြီးကို ပိတ်ဆို့ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)