
0
2109






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီဂျစ် သမ္မတ အယ်စီစီ ဒုတိယ သမ္မတ သက်တမ်းအတွက် ရွေးကောက်ပွဲယှဉ်ပြိုင်မယ်

အီဂျစ် သမ္မတ အယ်စီစီ ဟာ သမ္မတ အဖြစ် ဆက်လက်တာဝန်ယူနိုင်ဖို့အတွက် လာမယ့်မတ်လမှာကျင်းပမယ့် ရွေးကောက်ပွဲကို ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

အဲဒီရွေးကောက်ပွဲအတွင်း အနိုင်ရဖို့လည်း အီဂျစ် သမ္မတ အယ်စီစီကမျှော်လင့်နေပါတယ်။ အယ်စီစီ ဟာ အီဂျစ်နိုင်ငံကိုတည်ငြိမ်မှုတွေဖြစ်အောင်လုပ်ဆောင်နိုင်ပေမယ့် စီးပွားရေးပြုပင်ပြောင်းလဲမှု အ ပြင် ပြည်သူတွေ ရှင်သန်နေထိုင်မှုဘဝတိုးတက်အောင် လုပ်ဆောင်နိုင်မှုမရှိဘူးလို့ ဝေဖန်ခံထားရပါတယ်။

အယ်စီစီကိုထောက်ခံသူတွေက နိုင်ငံမြောက်ပိုင်း ဆိုင်းနိုင်းဒေသ က အစ္စာလမ်မစ် စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုအပါဝင် လုံခြုံရေး စိန်ခေါ်မှုတွေကိုတည်ငြိမ်မှုရှိအောင် အယ်စီစီကို သမ္မတ အဖြစ်ဆက်လက်ရွေးချယ်လိုနေပါတယ်။

အီဂျစ် ရွေးကောက်ပွဲ ပထမအဆင့် ကို မတ် ၂၆ ရက်နေ့မှ ၂၈ ရက် အထိကျင်းပမှာဖြစ်ပြီး ဒုတိယ အဆင့် ကို ဧပြီ ၂၄ မှ ၂၆ ရက်အ ထိကျင်းပမှာဖြစ်ပါတယ်။

ပထမအဆင့်ရွေးကောက်ပွဲမှာ ဆန္ဒမဲ ၅၀ရာခိုင်နှုန်းကျော်မရဘူးဆိုရင် ယှဉ်ပြိုင်မှုကနေ ထွက်ရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်မယ့်သူတွေ ဟာ ဇန်နဝါရီ ၂၀ ရက်ကနေ ၂၉ ရက် အထိ အမည်စာရင်း ပေးရမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)