
0
2090



တူရကီ  ကာကွယ်ရေးဝန်ကြီး  နုရက်တင် ကာနစ်လီက   အာဖရင်မြို့ကို  တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့အတိုင်း အမြှောက်တွေနဲ့ ပစ်ခတ်မှု လုပ်ဆောင်နေတာဖြစ်တယ်လို့ပြောပ့ါတယ်။




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆီးရီးယားနိုင်ငံထဲက ကာဒ့်သူပုန်တွေကို ဆီးရီးယားအမြှောက်တွေနဲ့ စတင်တိုက်ခိုက်

တူရကီ တပ်ဖွဲ့တွေ ဟာ မြေပြင်ထိုးစစ် မဆင်ခင် ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ကာဒ့် လက်နက်ကိုင်အဖွဲ့တွေကို အမြှောက်တွေ ပစ်ခတ်တိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။

တူရကီနိုင်ငံ ဟာတေး ဒေသမှ အာဖရင်ဒေသကို အမြှောက်တွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆီးရီးယား – တူရကီနယ်စပ်မှာလည်း တူရကီ တပ်ဖွဲ့ဝင်အများပြားရှိနေခဲ့ပါတယ်။

တူရကီ ကာကွယ်ရေးဝန်ကြီး နုရက်တင် ကာနစ်လီက အာဖရင်မြို့ကို တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့အတိုင်း အမြှောက်တွေနဲ့ ပစ်ခတ်မှု လုပ်ဆောင်နေတာဖြစ်တယ်လို့ပြောပါ့တယ်။

ကာဒ့်သူပုန်အဖွဲ့ကတော့ အာဖရင်မြို့အတွင်းက ကို အမြှောက်ကျည်ဆံ ၇၀ ကျရောက်ခဲ့တယ်လို့ ပြောထားပါတယ်။
အာဖရင်မြို့ရှိ ဆီးရီးယားဒီမိုကရက်တစ်ကောင်စီ မှာရီဇန် ဟာဘို က အာဖရင်မြို့ထဲကို အမြှောက်ကျည်ဆံတွေကျရောက်ချိန်မှာ အမျိုးသမီးတွေနဲ့ ကလေးတွေ ဟာ အိမ်တွေစွန့်ခွာပြီး ဆွေမျိုးတွေဆီထွက်ပြေးခဲ့ရပြီး ကာဒ့်လက်နက်ကိုင်အဖွဲ့တွေနဲ့ အရပ်သားတွေ ဟာ အာဖရင်မြို့ကိုနောက်ဆုံးအ ချိန် အထိ တိုက်ခိုက်မှုလုပ်သွားမယ်လို့ပြောပါတယ်။

တူရကီ စစ်ဘက် နဲ့ထောက်လှမ်းရေးအကြီးအကဲ ဟာ လေကြောင်းကနေ တိုက်ခိုက်နိုင်ဖို့ ရုရှားနိုင်ငံ နဲ့ ညှိနှိုင်းနေတယ်လို့ မီဒီယာတွေကဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)