ရုရှားနိုင်ငံမှာ လေယာဉ် တစ်စင်း ပျက်ကျခဲ့ပြီး လူ ၂၇ ဦးသေဆုံး

0
318

လူ ၃၉ ဦးလိုက်ပါလာတဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနပိုင် လေယာဉ်တစ်စင်း ဆိုက်ဘေးရီးယား ပြည်နယ် ယာကူတီးယားမြို့မှာ
ပျက်ကျသွားခဲ့ပါတယ်။

_93023324_russiakansk4641216

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်အရ လူ ၁၆ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီး ကနဦးသတင်းပေးပို့ချက်တွေအရ လူ ၂၇ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ခရီးသည် ၃၂ ဦးနဲ့ လေယာဉ်ဝန်ထမ်း ခုနစ်ဦးလိုက်ပါလာတဲ့ အဲဒီလေယာဉ်ဟာ ရုရှားနိုင်ငံ အရှေ့ပိုင်း ဘူလွန်ခရိုင်ထဲက တစ်ခ်စီမြို့အနီးပျက်ကျခဲ့တာဖြစ်ပါတယ်။

လေယာဉ်ပျက်ကျခဲ့တဲ့အချိန်မှာ အဲဒီဒေသမှာ ရာသီဥတုအခြေအနေ ဆိုးရွားနေခဲ့ပြီး အရေးပေါ်ဆင်းသက်မှုပြုလုပ်ခဲ့ပုံပေါ်တဲ့ လေယာဉ်ဟာ သုံးပိုင်းပိုင်းပြီး ပျက်စီးနေခဲ့တာပါ။ ရုရှားအရေးပေါ်ဝန်ကြီးဌာနက အဲဒီနေရာကို ရဟတ်ယာဉ်သုံးစီးစေလွှတ်ခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ လူတွေကို ဆေးရုံတွေကို ပို့ဆောင်ဖို့ ပြုလုပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)