ဟောင်ကောင် တက္ကသိုလ်ထဲမှာ ကျောင်းသား ၁၀ဝ ခန့် ပိတ်မိနေ

0
21

ရဲတွေ ဝိုင်းထားတဲ့ ပေါ်လီတက္ကနစ် တက္ကသိုလ်ထဲမှာ ပိတ်မိနေတဲ့ ကျောင်းသား ၁၀ဝ ခန့်ကို အညံ့ခံကြဖို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး မစ္စ ကာရီ လမ်းက ပြောပါတယ်။

တက္ကသိုလ်ကို စီးနင်းထားမှုဟာ ဆန္ဒပြပွဲတွေ ငါးလကြာ ဖြစ်ခဲ့တဲ့အတွင်း တင်းမာမှု အမြင့်ဆုံးကိစ္စ ဖြစ်ခဲ့ပါတယ်။ ကောင်လွန်ရှိ တက္ကသိုလ်ကို ရဲတွေက ဝိုင်းထားပြီး တက္ကသိုလ်ထဲက ထွက်လာတဲ့ ဘယ်သူကိုမဆို ဖမ်းဆီးနေပါတယ်။



ရဲတွေ ဝိုင်းထားတဲ့ ပေါ်လီတက္ကနစ် တက္ကသိုလ်ထဲမှာ ပိတ်မိနေတဲ့ ကျောင်းသား ၁၀၀ ခန့်ကို အညံ့ခံကြဖို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး မစ္စ ကာရီ လမ်းက ပြောပါတယ်။

တက္ကသိုလ်ကို စီးနင်းထားမှုဟာ ဆန္ဒပြပွဲတွေ ငါးလကြာ ဖြစ်ခဲ့တဲ့အတွင်း တင်းမာမှု အမြင့်ဆုံးကိစ္စ ဖြစ်ခဲ့ပါတယ်။ ကောင်လွန်ရှိ တက္ကသိုလ်ကို ရဲတွေက ဝိုင်းထားပြီး တက္ကသိုလ်ထဲက ထွက်လာတဲ့ ဘယ်သူကိုမဆို ဖမ်းဆီးနေပါတယ်။

တက္ကသိုလ် ပရဝုဏ်ထဲကနေ ဆန္ဒပြနေသူ ၆၀၀ ထွက်ခွာသွားပြီဖြစ်ကြောင်း၊ အဲဒီအထဲက ၂၀၀ ကျော်ဟာ အသက် ၁၈ နှစ်အောက်တွေ ဖြစ်ကြောင်း၊ အသက် ၁၈ နှစ်အောက်တွေကို ချက်ချင်းဖမ်းဆီးမှာ မဟုတ်ပေမယ့် နောင်မှာ အရေးယူမှု ခံရမှာ ဖြစ်ကြောင်းနဲ့ ဆန္ဒပြသူ ၄၀၀ ကို ဖမ်းထားကြောင်း ကာရီ လမ်းက ပြောပါတယ်။ တက္ကသိုလ်ထဲမှာ ကျန်နေတဲ့ ဘယ်သူကိုမဆို ဖမ်းဆီးပြီး ငြိမ်းချမ်းစွာ အဆုံးသတ်ဖို့ ဘာကိုမဆို လုပ်ဆောင်မယ်လို့လည်း ကယ်ရီ လမ်းက ပြောပါတယ်။