တရုတ်နိုင်ငံမှာ ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲ၊ ၁၅ ဦးသေဆုံး

0
9

တရုတ်နိုင်ငံမြောက်ပိုင်း၊ ရှန်စီပြည်နယ်မှာ ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲမှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။

ရှန်စီဖျင်ရောင် ဖုန်ရန် ကျောက်မီးသွေး တူးဖောက်ရေး ကုမ္ပဏီ ပိုင်တဲ့ ကျောက်မီးသွေးတွင်း တစ်တွင်းမှာ မနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ နေ့လည်ပိုင်းက ဓာတ်ငွေ့ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး လူ ကိုးဦး ဒဏ်ရာရသွားကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။ ပေါက်ကွဲမှုဖြစ်ချိန်က မိုင်းတွင်းထဲမှာ အလုပ်သမား ၃၅ ယောက် အလုပ်လုပ်နေချိန်ဖြစ်ပြီး ၁၁ ဦးကတော့ လွတ်မြောက်ခဲ့ပါတယ်။


တရုတ်နိုင်ငံမှာ ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲ၊ ၁၅ ဦးသေဆုံး

တရုတ်နိုင်ငံမြောက်ပိုင်း၊ ရှန်စီပြည်နယ်မှာ ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲမှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။

ရှန်စီဖျင်ရောင် ဖုန်ရန် ကျောက်မီးသွေး တူးဖောက်ရေး ကုမ္ပဏီ ပိုင်တဲ့ ကျောက်မီးသွေးတွင်း တစ်တွင်းမှာ မနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ နေ့လည်ပိုင်းက ဓာတ်ငွေ့ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး လူ ကိုးဦး ဒဏ်ရာရသွားကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။ ပေါက်ကွဲမှုဖြစ်ချိန်က မိုင်းတွင်းထဲမှာ အလုပ်သမား ၃၅ ယောက် အလုပ်လုပ်နေချိန်ဖြစ်ပြီး ၁၁ ဦးကတော့ လွတ်မြောက်ခဲ့ပါတယ်။

ထိခိုက်ခဲ့တဲ့ အလုပ်သမားတွေဟာ မစိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပြီး အာဏာပိုင်တွေက ဘာကြောင့် ပေါက်ကွဲမှုဖြစ်ရလဲ ဆိုတာကို စစ်ဆေးနေပါတယ်။ တရုတ်နိုင်ငံက လုံခြုံရေးအားနည်းတဲ့ ကုမ္ပဏီတွေမှာ မိုင်းတွင်းပေါက်ကွဲပြီး လူသေမှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက မိုင်းတွင်းပေါက်ကွဲမှုကြောင့် မိုင်းတွင်းလုပ်သား ၂၁ ဦး သေဆုံးခဲ့သလို ဒီဇင်ဘာလကလည်း ၇ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။