သုတေသန တွေ့ရှိချက်တွေကို တရုတ်က ခိုးယူနေတာ အမေရိကန် မတားဆီးနိုင်

0
39

အမေရိကန် တက္ကသိုလ်တွေကနေ အသိဉာဏ်ပညာဆိုင်ရာ ပိုင်ဆိုင်မှုတွေ တရုတ်က ခိုးယူနေတာကို အမေရိကန် အစိုးရက မတားဆီးနိုင်ကြောင်း၊ ဒီ ခိုးယူနေတဲ့ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖို့ ရှင်းလင်းပြတ်သားတဲ့ ဗျူဟာလည်း မရှိကြောင်း အမေရိကန် ကွန်ဂရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

တရုတ်က စီးပွားရေးဆိုင်ရာနဲ့ စက်မှုဆိုင်ရာ သူလျှိုလုပ်နေတဲ့ ခြိမ်းခြောက်ချက်ကို ကောလိပ်နဲ့ တက္ကသိုလ်တွေကို ထိထိရောက်ရောက်နဲ့ အဆက်မပြတ် သတိပေးတာတွေ အမေရိကန် စုံစမ်းစစ်ဆေးရေး ဗြူရို (FBI) က လုပ်သင့်ကြောင်း အစီရင်ခံစာက အကြံပြုထားပါတယ်။ သိပ္ပံပညာရှင်တွေကို သုတေသန လုပ်ဖို့ ငွေချပေးတာနဲ့ ဗီဇာထုတ်ပေးတာကို အေဂျင်စီတွေက စိစစ်ရုံနဲ့ မလုံလောက်ပဲ တက္ကသိုလ်တွေ ကိုယ်တိုင်ကလည်း နိုင်ငံခြားရန်ပုံငွေတွေနဲ့ သိပ္ပံပညာရှင် အချင်းချင်းကြား အကျိုးစီးပွား ထိပ်တိုက်တွေ့မှုတွေကိုလည်း စိစစ်ဖို့လိုကြောင်း အစီရင်ခံစာက ဖော်ပြပါတယ်။

သုတသနေတှအတှေကြ ပှညသြူတှရေဲ့အခှနငြှေ ဒေါလြာ ဘီလီယံနဲ့ခွီပှီး သုံးစှဲထားရတဲ့ ကိဈစဖှဈလို့ ဒီပှူနာဟာ အထူး အရေးကှီးကှောငြး၊ ဒီသုတသနေ ရလဒတြှကေ ပှီးခဲ့တဲ့ နှဈ ၂၀ အတှငြးက တရုတရြဲ့ တိုးတကလြာမှုကို အထောကအြကူဖှဈစခေဲ့ကှောငြး ဆီးနိတရြဲ့ စုံစမြးစဈဆေးရေး အမှဲတမြး ဆပကြောမြတီရဲ့ အစီရငခြံစာက ဝဖနေထြားပါတယြ။

သုတသေန တှေ့ရှိခကြျတှကေို တရုတျက ခိုးယူနတော အမရေိကနျ မတားဆီးနိုငျ

အမေရိကန် တက္ကသိုလ်တွေကနေ အသိဉာဏ်ပညာဆိုင်ရာ ပိုင်ဆိုင်မှုတွေ တရုတ်က ခိုးယူနေတာကို အမေရိကန် အစိုးရက မတားဆီးနိုင်ကြောင်း၊ ဒီ ခိုးယူနေတဲ့ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖို့ ရှင်းလင်းပြတ်သားတဲ့ ဗျူဟာလည်း မရှိကြောင်း အမေရိကန် ကွန်ဂရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

တရုတ်က စီးပွားရေးဆိုင်ရာနဲ့ စက်မှုဆိုင်ရာ သူလျှိုလုပ်နေတဲ့ ခြိမ်းခြောက်ချက်ကို ကောလိပ်နဲ့ တက္ကသိုလ်တွေကို ထိထိရောက်ရောက်နဲ့ အဆက်မပြတ် သတိပေးတာတွေ အမေရိကန် စုံစမ်းစစ်ဆေးရေး ဗြူရို (FBI) က လုပ်သင့်ကြောင်း အစီရင်ခံစာက အကြံပြုထားပါတယ်။ သိပ္ပံပညာရှင်တွေကို သုတေသန လုပ်ဖို့ ငွေချပေးတာနဲ့ ဗီဇာထုတ်ပေးတာကို အေဂျင်စီတွေက စိစစ်ရုံနဲ့ မလုံလောက်ပဲ တက္ကသိုလ်တွေ ကိုယ်တိုင်ကလည်း နိုင်ငံခြားရန်ပုံငွေတွေနဲ့ သိပ္ပံပညာရှင် အချင်းချင်းကြား အကျိုးစီးပွား ထိပ်တိုက်တွေ့မှုတွေကိုလည်း စိစစ်ဖို့လိုကြောင်း အစီရင်ခံစာက ဖော်ပြပါတယ်။

သုတေသနတွေအတွက် ပြည်သူတွေရဲ့အခွန်ငွေ ဒေါ်လာ ဘီလီယံနဲ့ချီပြီး သုံးစွဲထားရတဲ့ ကိစ္စဖြစ်လို့ ဒီပြဿနာဟာ အထူး အရေးကြီးကြောင်း၊ ဒီသုတေသန ရလဒ်တွေက ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းက တရုတ်ရဲ့ တိုးတက်လာမှုကို အထောက်အကူဖြစ်စေခဲ့ကြောင်း ဆီးနိတ်ရဲ့ စုံစမ်းစစ်ဆေးရေး အမြဲတမ်း ဆပ်ကော်မတီရဲ့ အစီရင်ခံစာက ဝေဖန်ထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)