
0
778




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဆင်နယ် ကွင်းလယ်လူ ရမ်ဆေး ကို ပီအက်ဂျီ အသင်းခေါ်ယူဖို့ ကြိုးပမ်းမယ်

ပြင်သစ် ထိပ်သီးကလပ် ပီအက်ဂျီအသင်းဟာ အာဆင်နယ် ကွင်းလယ်လူ ရမ်ဆေးကိုခေါ်ယူဖို့ ဆက်သွယ်နေပြီး ဘိုင်ယန်မြူးနစ် နဲ့အပြိုင် ကြိုးပမ်းမယ်လို့ ပြောပါတယ်။

အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးကလည်း ရမ်ဆေးကိုခေါ်ယူဖို့ ပီအက်ဂျီကို တိုက်တွန်းထားပါတယ်။ ရမ်ဆေးဟာ ရာသီကုန်ချိန်မှာ အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အလွတ်ပြောင်းရွှေခွင့်နဲ့ ထွက်ခွင့်ရ မှာဖြစ်ပြီး ဥရောပအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စား နေပါတယ်။

ရမ်ဆေးကို ပီအက်ဂျီအသင်းအပြင် အေစီမီလန်၊ ဂျူဗင်တပ်၊လီဗာပူး ၊ မန်ယူတို့ကခေါ်ယူဖို့ ပြင်ဆင်နေ ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိ ရမ်ဆေးဟာ ပီအက်ဂျီကို ပြောင်းရွှေ့မယ်ဆိုပါက လုပ်ခ လစာတိုးမြှင့်တောင်းဖွယ်ရှိနေပြီး တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းခွဲတောင်းဖွယ် ရှိတယ်လို့ ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)