
0
170


 



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယ မှာ မုန်တိုင်းကြောင့် ၃၃ ဦး သေဆုံး

အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ မုန်တိုင်းဂါဂျာတိုက်ခတ်ခဲ့မှုကြောင့် အနည်းဆုံး ၃၃ ဦးသေဆုံးခဲ့ပါတယ်။
အိန္ဒိယ ရေတပ်ဟာ မုန်တိုင်းဒဏ်ခံရပြီး ကယ်ဆယ်ရေး စခန်းကိုရောက်ရှိ နေသူတွေဆီ သောက်ရေနဲ့ အစားစာတွေကို ရဟတ်ယာဉ်၊ သင်္ဘောတွေ ပို့ပေးခဲ့ရပါတယ်။ အိန္ဒိယ တောင်ပိုင်းရှိ ကယ်ဆယ်ရေးစခန်း ၄၀ဝ ကျော်မှာ လူပေါင်း ၈၂၀ဝ၀ ကျော် ခိုလှုံနေရပါတယ်။

တမီးလ်နာဒူ ပြည်နယ်ရှိဒေသ ၆ ခုမှ လူသောင်းချီ ဟာ မုန်တိုင်းဒဏ် ခံစားခဲ့ရပြီး မုန်တိုင်း ဟာ တစ်နာရီ ၅၅ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့က ရုပ်အလောင်း ၁၂ ခု၊ နိုဝင်ဘာ ၁၇ ရက်နေ့က ရုပ်အလောင်း ၂၀ ထပ်မံတွေရှိခဲ့တယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။ မုန်တိုင်းကြောင့် အပင်ထောင်ချီ နဲ့ လျှပ်စစ်မီး တိုင်တွေ လဲကျခဲ့တယ်လို့ ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)