အျငင္းပြားမႈေၾကာင့္ ေအပက္ ထိပ္သီးအစည္းေ၀း ေၾကညာခ်က္ မထုတ္ျပန္ႏုိင္

0
159

အာရွပစိဖိတ္စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈဖိုရမ္ APEC ေအပက္ ထိပ္သီးေဆြးေႏြးပြဲမွာ အေမရိကန္နဲ႔ တ႐ုတ္တို႔အၾကား ကုန္သြယ္ေရးအျငင္းပြားမႈေတြေၾကာင့္ သေဘာထားကြဲလြဲၿပီး အစည္းအေဝးပူးတြဲေၾကညာ ခ်က္ မထုတ္ျပန္နိုင္ခဲ့ဘူးလို႔ သတင္းေတြကေဖာ္ျပခဲ့ပါတယ္။

ထိပ္သီးေဆြးေႏြးပြဲသဘာပတိျဖစ္တဲ့ ပါပူအာ နယူးဂီနီ ဝန္ႀကီးခ်ဳပ္ ပီတာအို နီးလ္ က တနဂၤေႏြေန႔က ေဆြးေႏြးပြဲအၿပီးမွာ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ကမၻာ့ကုန္သြယ္ေရးအဖြဲ႕ WTO ျပင္ဆင္ဖြဲ႔စည္းေရးကိစၥ စတဲ့ လြတ္လပ္စြာကုန္သြယ္ေရးဆိုင္ရာ ကိစၥရပ္ေတြနဲ႔ ပတ္သက္ၿပီး အင္အားႀကီး ႏွစ္နိုင္ငံတို႔အၾကား အျမင္သေဘာထား ကြဲလြဲေနမႈေတြေၾကာင့္ျဖစ္တယ္လို႔ မစၥတာ အိုနီးလ္ကေျပာပါတယ္။

ကေနဒါဝန္ႀကီးခ်ဳပ္ ဂ်က္စတင္ ထ႐ူးဒိုး ကလည္း ကုန္သြယ္ေရးကိစၥ သေဘာထားကြဲမႈေတြေၾကာင့္ နိုင္ငံေခါင္းေဆာင္ေတြပူးေပါင္းၿပီး ေၾကညာခ်က္တစ္ရပ္ထုတ္ျပန္ဖို႔ သေဘာတူညီမႈမရခဲ့ေၾကာင္း သတင္းေထာက္ေတြကို ေတြ႕ဆုံေျပာၾကားလိုက္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ခေါင်းဆောင်တွေ အငြင်းပွားတာကြောင့် အေပက် ထိပ်သီးအစည်းဝေး ကြေညာချက် မထုတ်ပြန်နိုင်

အာရှပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် APEC အေပက် ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်နဲ့ တရုတ်တို့အကြား ကုန်သွယ်ရေးအငြင်းပွားမှုတွေကြောင့် သဘောထားကွဲလွဲပြီး အစည်းအဝေးပူးတွဲကြေညာ ချက် မထုတ်ပြန်နိုင်ခဲ့ဘူးလို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။

ထိပ်သီးဆွေးနွေးပွဲသဘာပတိဖြစ်တဲ့ ပါပူအာ နယူးဂီနီ ဝန်ကြီးချုပ် ပီတာအို နီးလ် က တနင်္ဂနွေနေ့က ဆွေးနွေးပွဲအပြီးမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ပြင်ဆင်ဖွဲ့စည်းရေးကိစ္စ စတဲ့ လွတ်လပ်စွာကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အင်အားကြီး နှစ်နိုင်ငံတို့အကြား အမြင်သဘောထား ကွဲလွဲနေမှုတွေကြောင့်ဖြစ်တယ်လို့ မစ္စတာ အိုနီးလ်ကပြောပါတယ်။

ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး ကလည်း ကုန်သွယ်ရေးကိစ္စ သဘောထားကွဲမှုတွေကြောင့် နိုင်ငံခေါင်းဆောင်တွေပူးပေါင်းပြီး ကြေညာချက်တစ်ရပ်ထုတ်ပြန်ဖို့ သဘောတူညီမှုမရခဲ့ကြောင်း သတင်းထောက်တွေကို တွေ့ဆုံပြောကြားလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)