
0
802




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှား မြေပြိုမှု သုံးဦးသေ၊ ၁၂ ဦး ပျောက်ဆုံး

မလေးရှားနိုင်ငံ၊ ပီနန်ကျွန်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှာ ဒီနေ့ အောက်တိုဘာ ၁၉ ရက်နေ့က မြေပြိုမှုဖြစ်ပွားလို့ လူ သုံးဦး သေဆုံးပြီး လူ ၁၂ ဦး ပျောက်ဆုံးနေပါတယ်။

အလုပ်သမားတွေ နေထိုင်တဲ့ လူနေထိုင်ဖို့ လုပ်ထားတဲ့ ကွန်တိန်နာအိမ် လေးလုံးလည်း မြေပြိုတဲ့အထဲ ပါသွားပြီး အဲဒီထဲမှာ အလုပ်သား ၁၀ ဦးခန့်ရှိတယ်လို့ ပြောကြပါတယ်။

ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးတွေကို မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနတွေက လုပ်ဆောင်နေဆဲဖြစ်ပြီး ဒဏ်ရာရရှိသူတွေကို ဆေးရုံတင်ပို့ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)