အာဖဂန္ လံုၿခံဳေရးအႀကီးအကဲကို ကိုယ္ရံေတာ္က လုပ္ႀကံ

0
810

မနက္ျဖန္ ေအာက္တိုဘာလ ၂၀ ရက္ေန႔မွာ က်င္းပေတာ့မယ့္ ေရြးေကာက္ပြဲ ကာလအတြင္း လံုၿခံဳေရးစီမံထားမႈေတြကို ေဆြးေႏြးၿပီး ထြက္ခြာလာတဲ့ အာဖဂန္နစၥတန္ ထိပ္တန္း လံုၿခံဳေရးအႀကီးအကဲကို သူ႔ရဲ႕ ကိုယ္ရံေတာ္က ေသနတ္နဲ႔ ပစ္ခတ္ လုပ္ႀကံလိုက္ပါတယ္။

ဗိုလ္ခ်ဳပ္ အဗၺဒူ ရာဇစ္ကို ကန္ဒါဟာရွိ ေဒသအုပ္ခ်ဳပ္ေရး႐ံုး အျပင္ဘက္မွာ သူ႔ရဲ႕ ကိုယ္ရံေတာ္က ေသနတ္နဲ႔ ပစ္ခတ္လုပ္ႀကံလိုက္တာ ျဖစ္ပါတယ္။ တိုက္ခိုက္မႈအတြင္း ကန္ဒါဟာ ေထာက္လွမ္းေရးအႀကီးအကဲ အဗၺဒူ မိုမင္ကိုလည္း လုပ္ႀကံဖို႔ ႀကိဳးစားခဲ့ၿပီး ကန္ဒါဟာ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး ဇယ္လ္မိုင္ ဝီဆာကေတာ့ ဒဏ္ရာအျပင္းအထန္ရၿပီး ေဆး႐ံုပို႔လိုက္ရပါတယ္။

အဲဒီ အစည္းအေဝးကို လာတက္တဲ့ အေမရိကန္ ဗိုလ္ခ်ဳပ္ စေကာက္ ေမလာကေတာ့ တိုက္ခိုက္လုပ္ႀကံမႈ မျဖစ္ခင္ မိနစ္အနည္းငယ္ အလိုကမွာ ထြက္ခြာသြားခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဖဂန် လုံခြုံရေးအကြီးအကဲကို ကိုယ်ရံတော်က လုပ်ကြံ

မနက်ဖြန် အောက်တိုဘာလ ၂၀ ရက်နေ့မှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေးစီမံထားမှုတွေကို ဆွေးနွေးပြီး ထွက်ခွာလာတဲ့ အာဖဂန်နစ္စတန် ထိပ်တန်း လုံခြုံရေးအကြီးအကဲကို သူ့ရဲ့ ကိုယ်ရံတော်က သေနတ်နဲ့ ပစ်ခတ် လုပ်ကြံလိုက်ပါတယ်။

ဗိုလ်ချုပ် အဗ္ဗဒူ ရာဇစ်ကို ကန်ဒါဟာရှိ ဒေသအုပ်ချုပ်ရေးရုံး အပြင်ဘက်မှာ သူ့ရဲ့ ကိုယ်ရံတော်က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံလိုက်တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း ကန်ဒါဟာ ထောက်လှမ်းရေးအကြီးအကဲ အဗ္ဗဒူ မိုမင်ကိုလည်း လုပ်ကြံဖို့ ကြိုးစားခဲ့ပြီး ကန်ဒါဟာ ပြည်နယ် အုပ်ချုပ်ရေးမှူး ဇယ်လ်မိုင် ဝီဆာကတော့ ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံပို့လိုက်ရပါတယ်။

အဲဒီ အစည်းအဝေးကို လာတက်တဲ့ အမေရိကန် ဗိုလ်ချုပ် စကောက် မေလာကတော့ တိုက်ခိုက်လုပ်ကြံမှု မဖြစ်ခင် မိနစ်အနည်းငယ် အလိုကမှာ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)