ကေမာၻဒီးယားမွာ အရက္ အဆိပ္သင့္လုိ႔ ၃ ဦးေသ၊ ၄၄ ဦး ေဆး႐ံုေရာက္

0
181

ကေမာၻဒီးယားႏုိင္ငံမွာ ေဒသလုပ္ ဆန္အရက္ေတြကို ေသာက္သံုးလို႔ ေက်းရြာသား ၃ ဦး ေသဆံုးၿပီး ၄၄ ဦး ေဆး႐ံုတင္ပို႔ခဲ့ရပါတယ္။

အဲဒီ ဆန္အရက္ေတြထဲမွာ မက္သေနာ ပါဝင္မႈႏႈန္းက သတ္မွတ္ထားတဲ့ ပမာဏာထက္ ပိုမုိ မ်ားျပားခဲ့ဖြယ္ရွိတယ္လို႔ ကေမာၻဒီးယား အာဏာပိုင္ေတြက ေျပာပါတယ္။

အရက္အဆိပ္ သင့္သူေတြကို ကရာတီခ႐ိုင္ ေဆး႐ံုဆီ တင္ပို႔ထားၿပီး ေသဆံုးသူေတြက အမ်ိဳးသား ႏွစ္ဦးနဲ႔ အမ်ိဳးသမီး တစ္ဦးျဖစ္ေၾကာင္း တာဝန္ရွိသူေတြက ေျပာပါတယ္။ ကရာတီခ႐ိုင္၊ ဒမ္ရီ ေက်းရြာမွာ ေအာက္တိုဘာလ ၁၇ ရက္ေန႔က စပါးမရိတ္သိမ္းမီ ဆန္အရက္ေသာက္ပြဲေတာ္ က်င္းပရာက အခုလို အဆိပ္သင့္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘောဒီးယားမှာ အရက် အဆိပ်သင့်လို့ ၃ ဦးသေ၊ ၄၄ ဦး ဆေးရုံရောက်

ကမ္ဘောဒီးယားနိုင်ငံမှာ ဒေသလုပ် ဆန်အရက်တွေကို သောက်သုံးလို့ ကျေးရွာသား ၃ ဦး သေဆုံးပြီး ၄၄ ဦး ဆေးရုံတင်ပို့ခဲ့ရပါတယ်။

အဲဒီ ဆန်အရက်တွေထဲမှာ မက်သနော ပါဝင်မှုနှုန်းက သတ်မှတ်ထားတဲ့ ပမာဏာထက် ပိုမို များပြားခဲ့ဖွယ်ရှိတယ်လို့ ကမ္ဘောဒီးယား အာဏာပိုင်တွေက ပြောပါတယ်။

အရက်အဆိပ် သင့်သူတွေကို ကရာတီခရိုင် ဆေးရုံဆီ တင်ပို့ထားပြီး သေဆုံးသူတွေက အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ကရာတီခရိုင်၊ ဒမ်ရီ ကျေးရွာမှာ အောက်တိုဘာလ ၁၇ ရက်နေ့က စပါးမရိတ်သိမ်းမီ ဆန်အရက်သောက်ပွဲတော် ကျင်းပရာက အခုလို အဆိပ်သင့်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)