မကၠဆီကို နယ္စပ္ကို ပိတ္မယ္လို႔ အေမရိကန္သမၼတ ၿခိမ္းေျခာက္

0
204

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က မကၠဆီကိုနယ္စပ္ကို ပိတ္ဖုိ႔ အေမရိကန္ စစ္သားေတြကို နယ္စပ္ေဒသဆီ ေစလႊတ္မွာျဖစ္ေၾကာင္း ေျပာဆုိကာ ဒီမုိကရက္တစ္ပါတီ ကိုယ္စားလွယ္ေတြကို အျပစ္တင္ တုိက္ခုိက္ခဲ့ပါတယ္။

သမၼတ ထရမ့္က ဒီမုိကရက္တစ္ပါတီ ကိုယ္စားလွယ္ေတြဟာ နယ္စပ္ေဒသေတြကုိ ဖြင့္လွစ္ဖုိ႔ လုိလားေန သူေတြ ျဖစ္ေၾကာင္း၊ အေမရိက အလယ္ပိုင္း ႏုိင္ငံေတြဟာ အေမရိကန္ကို တုိက္ခုိက္မႈေတြလုပ္ေနတယ္လုိ႔ လည္း ေျပာခဲ့ပါတယ္။

ဂြာတီမာလာ၊ ဟြန္ဒူးရပ္စ္၊ အယ္လ္ဆာေဗးဒိုး ႏုိင္ငံတုိ႔က ၿပိဳင္ဘက္ေတြဟာ အေမရိကန္ကို ၿခိမ္းေျခာက္ေနၿပီး အဲဒီႏုိင္ငံက လူေတြဟာ အေမရိကန္ႏုိင္ငံ နယ္စပ္ကို ျဖတ္ေက်ာ္ကာ ႏုိင္ငံထဲကို ဝင္ေရာက္ဖုိ႔ ႀကိဳးပမ္းေန တယ္လို႔ သမၼတ ထရမ့္က ေျပာပါတယ္။ ဒါ့အျပင္ သမၼတထရမ့္က မကၠဆီကိုႏုိင္ငံကို လူသားခ်င္း ဆုိင္ရာ အကူညီေပးတာေတြ ျဖတ္ေတာက္မယ္လုိ႔ ေျပာခဲ့ပါေသးတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မက္ကဆီကို နယ်စပ်ကို ပိတ်မယ်လို့ အမေရိကန်သမ္မတ ခြိမ်းခြောက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မက္ကဆီကိုနယ်စပ်ကို ပိတ်ဖို့ အမေရိကန် စစ်သားတွေကို နယ်စပ်ဒေသဆီ စေလွှတ်မှာဖြစ်ကြောင်း ပြောဆိုကာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်တွေကို အပြစ်တင် တိုက်ခိုက်ခဲ့ပါ တယ်။

သမ္မတ ထရမ့်က ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်တွေဟာ နယ်စပ်ဒေသတွေကို ဖွင့်လှစ်ဖို့ လိုလားနေ သူတွေ ဖြစ်ကြောင်း၊ အမေရိက အလယ်ပိုင်း နိုင်ငံတွေဟာ အမေရိကန်ကို တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ လည်း ပြောခဲ့ပါတယ်။

ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်၊ အယ်လ်ဆာဗေးဒိုး နိုင်ငံတို့က ပြိုင်ဘက်တွေဟာ အမေရိကန်ကို ခြိမ်းခြောက်နေပြီး အဲဒီနိုင်ငံက လူတွေဟာ အမေရိကန်နိုင်ငံ နယ်စပ်ကို ဖြတ်ကျော်ကာ နိုင်ငံထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းနေ တယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။ ဒါ့အပြင် သမ္မတထရမ့်က မက္ကဆီကိုနိုင်ငံကို လူသားချင်း ဆိုင်ရာ အကူညီပေးတာတွေ ဖြတ်တောက်မယ်လို့ ပြောခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)