
0
220




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အစ္စလာမ် အကြမ်းဖက်အဖွဲ့က လူ ၇၀ဝ နီးပါး ပြန်ပေးဆွဲ

အစ္စလာမ် အစွန်းရောက်အဖွဲ့ IS က ဆီးရီးယားနိုင်ငံအတွင်းရှိ အမေရိကန် ကျောထောက်နောက်ခံ ပေးထားတဲ့အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေက လူပေါင်း ၇၀ဝ နီးပါးကို ပြန်ပေးဆွဲခဲ့တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လူ ၁၀ ဦးကို ကွပ်မျက်ခဲ့ကြောင်း ရုရှား သမ္မတက ပြောပါတယ်။ ပြန်ပေးဆွဲခံရသူတွေထဲမှာ အမေရိကန်နိုင်ငံသား အများအပြားနဲ့ ဥရောပနိုင်ငံသားတွေ ပါဝင်ခဲ့ကြောင်း သမ္မတ ပူတင်က ပြောပါတယ်။

ပူတင်က IS အဖွဲ့ဟာ ဆီးရီးယား နိုင်ငံအတွင်းမှာ နယ်မြေ ထိန်းချုပ်ထားတာ တိုးချဲ့နိုင်ဖို့ ကြိုးပမ်းနေကြောင်း ရုရှား သမ္မတက ပြောပေမယ့် ပြန်ပေးဆွဲထားမှု အတွက် IS အစွန်းရောက်အဖွဲ့က ဘာတွေ တောင်းဆိုတယ်ဆိုတဲ့ အချက်ကို မပြောခဲ့ပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)