မေလးရွားမွာ မဲေပးႏိုင္တဲ့ အသက္ကို ၂၁ ႏွစ္ကေန ၁၈ ေလွ်ာ့ခ်

0
231

ေရြးေကာက္ပြဲမွာ မဲေပးႏိုင္တဲ့ အသက္အရြယ္ကို ၂၁ ႏွစ္ သတ္မွတ္ထားရာကေန ၁၈ ႏွစ္ကို ေလွ်ာ့ခ်ဖို႔ မေလးရွား ကက္ဘိနက္က ဆံုးျဖတ္လိုက္ပါတယ္။

အဲဒီဆံုးျဖတ္ခ်က္ကို ဒီေန႔ စက္တင္ဘာ ၁၉ ရက္ အစည္းအေဝးမွာ ခ်ခဲ့တာ ျဖစ္ၿပီး ဖက္ဒရယ္ ဖြဲ႔စည္းပံု အေျခခံ ဥပေဒကိုလည္း မၾကာခင္ ျပင္ဆင္မွာ ျဖစ္တယ္လို႔ လူငယ္ႏွင့္ အားကစား ဝန္ႀကီး ေဆဒက္ ဆာဒစ္ ေျပာပါတယ္။ ေနာက္ထပ္ ျပဳလုပ္မယ့္ ေရြးေကာက္ပြဲမွာ အသက္ ၁၈ ႏွစ္ ျပည့္သူေတြ မဲေပးႏိုင္ၾကၿပီ ျဖစ္တယ္လို႔ သူက ေျပာပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ ဝန္ႀကီး ေဆယက္ ဆာဒစ္က သူဟာ လူငယ္ အမ်ားအျပားနဲ႔ ေဆြးေႏြးခဲ့ေၾကာင္းနဲ႔ လူငယ္ေတြက မဲေပးခြင့္ကို စိတ္ဝင္စားၾကတယ္လို႔ သူက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှားမှာ မဲပေးနိုင်တဲ့ အသက်ကို ၂၁ နှစ်ကနေ ၁၈ လျှော့ချ

ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ အသက်အရွယ်ကို ၂၁ နှစ် သတ်မှတ်ထားရာကနေ ၁၈ နှစ်ကို လျှော့ချဖို့ မလေးရှား ကက်ဘိနက်က ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ကို ဒီနေ့ စက်တင်ဘာ ၁၉ ရက် အစည်းအဝေးမှာ ချခဲ့တာ ဖြစ်ပြီး ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း မကြာခင် ပြင်ဆင်မှာ ဖြစ်တယ်လို့ လူငယ်နှင့် အားကစား ဝန်ကြီး ဆေဒက် ဆာဒစ် ပြောပါတယ်။ နောက်ထပ် ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ် ပြည့်သူတွေ မဲပေးနိုင်ကြပြီ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် ဝန်ကြီး ဆေယက် ဆာဒစ်က သူဟာ လူငယ် အများအပြားနဲ့ ဆွေးနွေးခဲ့ကြောင်းနဲ့ လူငယ်တွေက မဲပေးခွင့်ကို စိတ်ဝင်စားကြတယ်လို့ သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)