
0
201




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှားမှာ အရက် အဆိပ်သင့်မှုကြောင့် ၁၅ ဦးသေ

မလေးရှားနိုင်ငံမှာ အရက် အဆိပ်သင့်မှုကြောင့် ၁၅ ဦး သေဆုံးခဲ့ပြီး ၃၃ ဦး ဆေးရုံတင်ပို့ခဲ့ရကြောင်း မလေးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။

မလေးရှား ကလန်ရှိ ဆိုင်အမျိုးမျိုးက ဝယ်ယူခဲ့တဲ့ အရက်တွေကို သောက်သုံးချိန်မှာ အရက် အဆိပ်သင့်ခဲ့တာ ဖြစ်ပါတယ်။ အရက် အဆိပ်သင့်တဲ့ သူတွေထဲမှာ မလေးရှား၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ပါဝင်ခဲ့တယ်လို့ မလေးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။

အဆိပ်သင့်သူတွေဟာ ဘီယာနဲ့ ဝီစကီ သောက်သုံးပြီးနောက် အဆိပ်သင့်ခဲ့သူတွေ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ မလေးရှား ရဲတပ်ဖွဲ့ဟာ အရက် အဆိပ်သင့်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)