
0
175




>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်ရဲ့ အခွန်တိုးကောက်မှုကို လက်တုံ့ပြန်မယ်လို့ တရုတ် ပြော

အမေရိကန်က အခွန်တိုးကောက်မှုတွေနဲ့ ပတ်သက်လို့ လက်တုံ့ပြန်သွားမယ်လို့ တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ နိုင်ငံထဲကို တင်ပို့နေတဲ့ အမေရိကန်ဒေါ်လာ ၂၀ဝ ဘီလီယံ တန်ဖိုးရှိ တရုတ်ကုန်စည်တွေကို စက်တင်ဘာ ၁၈ ရက်နေ့က အခွန်တိုးကောက်ဖို့ သတ်မှတ်ခဲ့ပါတယ်။

တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်ရဲ့ ဆုံးဖြတ်ချက်တွေအတွက် စိတ်ပျက်ရတယ်လို့ ပြောပါတယ်။ တရုတ် ပြောရေးဆိုခွင့်ရှိသူက ကမ္ဘာ့ကုန်သွယ်ရေး လွတ်လပ်မှု၊ တရုတ်နိုင်ငံ အကျိုးစီးပွားနဲ့ အခွင့်အရေးတွေအတွက် အမေရိကန်ကို တုံ့ပြန်မှာဖြစ်တယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)