စစ္ေလယာဥ္ ပစ္ခ်ခံရမႈအတြက္ အစၥေရးကို ႐ုရွား ျပစ္တင္

0
199

႐ုရွားႏုိင္ငံဟာ ဆီးရီးယားႏုိင္ငံမွာ သူတုိ႔ စစ္ေလယာဥ္တစ္စီး ပစ္ခ်ခံရၿပီးေနာက္ အစၥေရးကို ျပစ္တင္ ေျပာဆုိလုိက္ပါတယ္။

ဆီးရီးယားႏုိင္ငံ ေျမာက္ပိုင္းမွာ ႐ုရွားေလယာဥ္ ပစ္ခ်ခံရတာျဖစ္ၿပီး လူ ၁၅ ဦး ေသဆံုးသြားခဲ့ပါတယ္။ ဆီးရီးယား ေလေၾကာင္း ပိုင္နက္ထဲမွာပ်ံသန္းခဲ့တဲ့ ေလယာဥ္ကို ပစ္ခ်ခဲ့တာျဖစ္ေၾကာင္း ႐ုရွား ကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။

အီရန္ နဲ႔ ဟစ္ဇ္ဘိုလာကို ျပစ္တင္ေနတဲ့ အစၥေရးကေတာ့ ဆီးရီးယားႏုိင္ငံအတြင္း တုိက္ခုိက္မႈေတြနဲ႔ ပတ္သက္လုိ႔ ဝန္ခံထားပါတယ္။ အစၥေရးဟာ ၿပီးခဲ့တဲ့ ၁၈ လအတြင္း ပစ္မွတ္ထား တုိက္ခုိက္မႈေၾကာင့္ အီရန္ ၂၀၀ ေက်ာ္ ေသဆံုးသြားခဲ့တယ္လို႔ ေျပာထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်လေယာဉ် ပစ်ချခံရမှုအတွက် အစ္စရေးကို ရုရှား ပြစ်တင်

ရုရှားနိုင်ငံဟာ ဆီးရီးယားနိုင်ငံမှာ သူတို့ စစ်လေယာဉ်တစ်စီး ပစ်ချခံရပြီးနောက် အစ္စရေးကို ပြစ်တင် ပြောဆိုလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ ရုရှားလေယာဉ် ပစ်ချခံရတာဖြစ်ပြီး လူ ၁၅ ဦး သေဆုံးသွားခဲ့ပါတယ်။ ဆီးရီးယား လေကြောင်း ပိုင်နက်ထဲမှာပျံသန်းခဲ့တဲ့ လေယာဉ်ကို ပစ်ချခဲ့တာဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

အီရန် နဲ့ ဟစ်ဇ်ဘိုလာကို ပြစ်တင်နေတဲ့ အစ္စရေးကတော့ ဆီးရီးယားနိုင်ငံအတွင်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဝန်ခံထားပါတယ်။ အစ္စရေးဟာ ပြီးခဲ့တဲ့ ၁၈ လအတွင်း ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် အီရန် ၂၀ဝ ကျော် သေဆုံးသွားခဲ့တယ်လို့ ပြောထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)