
0
211




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် အခွန်တိုးကောက်မှု တရုတ်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံ တိုင်ကြား

အမေရိကန်နိုင်ငံကို တင်ပို့တဲ့ တရုတ်ကုန်စည်တွေကို အမေရိကန်က အခွန်တိုးမြင့် ကောက်ခံလိုက်ပြီးနောက် တရုတ်နိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆီ တိုင်ကြားခဲ့တယ်လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံထဲကို တင်ပို့တဲ့ အမေရိကန်ဒေါ်လာ ၂၀ဝ ဘီလီယံ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းတွေကို အခွန်ကောက်ဖို့ ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ အခွန်ကောက်ခံမှုကို တုံ့ပြန်ဖို့ လိုလားနေပါတယ်။

အမေရိကန်ဟာ အမေရိကန်ဒေါ်လာ ၂၀ဝ ဘီလီယံ တန်ဖိုးရှိ တရုတ်ကုန်စည်တွေကို စက်တင်ဘာ ၂၄ ရက်နေ့မှာ စတင် အခွန်ကောက်ခံမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)