အဖမ္းခံထားရတာ ၂ ပတ္ၾကာတဲ့ ဗီယက္နမ္ ဘေလာ္ဂါ ေပ်ာက္ဆံုးေန

0
175

ဗီယက္နမ္ႏိုင္ငံ၊ ဟိုခ်ီမင္းၿမိဳ႕ လမ္းတစ္ခုေပၚကေန ရဲေတြရဲ႕ ဖမ္းဆီးေခၚေဆာင္ျခင္းခံခဲ့ရတဲ့ ဗီယက္နမ္ ဘေလာ္ဂါျဖစ္သူ ငိုဗန္ဒြန္ဟာ ႏွစ္ပတ္ၾကာသည္အထိ ဘယ္ေနရာမွာ ရွိတယ္ဆိုတာ မသိရဘဲ အျမန္ဆံုး လႊတ္ေပးဖို႔ နယ္စည္းမျခား သတင္းေထာက္မ်ား အဖြဲ႔က ေတာင္းဆိုလိုက္ပါတယ္။

ငိုဗန္ဒြန္ဟာ စက္တင္ဘာ ၄ ရက္ေန႔က အဖမ္းခံရတာ ျဖစ္တယ္လို႔ မ်က္ျမင္သက္ေသေတြက ေျပာေၾကာင္း မိသားစု က ေျပာပါတယ္။ သူ႔ဖုန္းကို ေခၚေပမယ့္လည္း မက္ေဆ့ခ်္သာ ပို႔လို႔ရပါတယ္။ ဒြန္ရဲ႕ ဇနီးက ဟိုခ်ီမင္းၿမိဳ႕ရွိ ရဲစခန္းေတြကို သြားေရာက္ စံုစမ္းေပမယ့္ တစ္စံုတစ္ရာ အေျဖမရခဲ့ပါဘူး။

ေနာက္ဆံုးမွာေတာ့ ဒြန္ကို သူ႔ဇာတိ ျပည္နယ္ရွိ ျပည္သူ႔လံုၿခံဳေရး တပ္ဖြဲ႔ဆီ လႊဲေျပာင္းလိုက္တယ္လို႔ အသိေပးခဲ့ပါတယ္။ ဒါေပမယ့္ ဒတ္လတ္ ရဲဌာနက သူတို႔ မသိဘူးလို႔ ျငင္းဆိုေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အဖမ်းခံထားရတာ ၂ ပတ်ကြာတဲ့ ဗီယက်နမ် ဘလော်ဂါ ပျောက်ဆုံးနေ

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ လမ်းတစ်ခုပေါ်ကနေ ရဲတွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရတဲ့ ဗီယက်နမ် ဘလော်ဂါဖြစ်သူ ငိုဗန်ဒွန်ဟာ နှစ်ပတ်ကြာသည်အထိ ဘယ်နေရာမှာ ရှိတယ်ဆိုတာ မသိရဘဲ အမြန်ဆုံး လွှတ်ပေးဖို့ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ငိုဗန်ဒွန်ဟာ စက်တင်ဘာ ၄ ရက်နေ့က အဖမ်းခံရတာ ဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောကြောင်း မိသားစု က ပြောပါတယ်။ သူ့ဖုန်းကို ခေါ်ပေမယ့်လည်း မက်ဆေ့ချ်သာ ပို့လို့ရပါတယ်။ ဒွန်ရဲ့ ဇနီးက ဟိုချီမင်းမြို့ရှိ ရဲစခန်းတွေကို သွားရောက် စုံစမ်းပေမယ့် တစ်စုံတစ်ရာ အဖြေမရခဲ့ပါဘူး။

နောက်ဆုံးမှာတော့ ဒွန်ကို သူ့ဇာတိ ပြည်နယ်ရှိ ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ဆီ လွှဲပြောင်းလိုက်တယ်လို့ အသိပေးခဲ့ပါတယ်။ ဒါပေမယ့် ဒတ်လတ် ရဲဌာနက သူတို့ မသိဘူးလို့ ငြင်းဆိုနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)