တရုတ္မွာ ကမာၻ့အၾကီးဆံုး သတၱဳရိုင္းတင္ သေဘၤာတည္ေဆာက္မႈၿပီးစီး

0
254

တရုတ္ႏိုင္ငံမွာ ကမာၻ့အၾကီးဆံုးသတၱဳရိုင္းတင္ မ်ိဳးဆက္သစ္ သေဘၤာၾကီးတည္ေဆာက္မႈ ျပီးစီးၿပီျဖစ္တဲ့အတြက္ ဒီကေန႔ စက္တင္ဘာ ၁၉ ရက္ေန႔မွာ  ဆိပ္ကမ္းက စတင္ထြက္ခြာၿပီျဖစ္ပါတယ္။

အဲ့ဒီသတၱဳရိုင္း  တင္ သေဘၤာတည္ေဆာက္မႈကို ျပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလ ကစတင္ခဲ့ တာျဖစ္ၿပီး သဘာ၀ပတ္၀န္းက်င္မထိခိုက္တဲ့ အဆင့္ျမင့္နည္းပညာ ၊ စြမ္းအင္ေခ်ြတာေရးစနစ္ေတြပါရွိတဲ့ သေဘၤာအသစ္တစ္စီးျဖစ္ပါတယ္။

အရင္သေဘၤာ မ်ိဳးဆက္ေတြနဲ႔ ယွဥ္ရင္ ေလာင္စာသံုးစြဲမႈကို ၁၈ ဒသမ ၈ ရာခိုင္နႈန္းေလွ်ာ့ခ်ထားပါတယ္။

အခုသေဘၤာအသစ္ဟာ  ၃၆၂ မီတာအရွည္ရွိကာ အက်ယ္ ၆၅ မီတာ ရွိပါတယ္။ အနက္က  ၃၀ ဒသမ ၄ မီတာ ရွိၿပီး  ေဘာလံုးကြင္း ၃ ကြင္းစာ အက်ယ္အဝန္း ရွိပါတယ္။။ တစ္နာရီကို ၁၄ .၅ မိုင္ႏႈန္း ေမာင္းႏွင္ႏိုင္ျပီး ေရမိုင္ ၂၅၅၀၀ အထိ ေတာက္ေလွ်ာက္ ေမာင္းႏွင္ႏိုင္ပါတယ္။

အဲ့ဒီသေဘၤာႀကီးဟာ အဓိကအားျဖင့္ ဘရာဇီးနဲ႔ တရုတ္ႏုိင္ငံၾကား သတၱဳရိုင္းပို႔ေဆာင္မႈအတြက္ အသံုးျပဳသြားမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်မှာ ကမ္ဘာ့အကြီးဆုံး သတ္တုရိုင်းတင် သင်္ဘောတည်ဆောက်မှုပြီးစီး

တရုတ်နိုင်ငံမှာ ကမ္ဘာ့အကြီးဆုံးသတ္တုရိုင်းတင် မျိုးဆက်သစ် သင်္ဘောကြီးတည်ဆောက်မှု ပြီးစီးပြီဖြစ်တဲ့အတွက် ဒီကနေ့ စက်တင်ဘာ ၁၉ ရက်နေ့မှာ ဆိပ်ကမ်းက စတင်ထွက်ခွာပြီဖြစ်ပါတယ်။

အဲ့ဒီသတ္တုရိုင်း တင် သင်္ဘောတည်ဆောက်မှုကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ကစတင်ခဲ့ တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့ အဆင့်မြင့်နည်းပညာ ၊ စွမ်းအင်ချွေတာရေးစနစ်တွေပါရှိတဲ့ သင်္ဘောအသစ်တစ်စီးဖြစ်ပါတယ်။

အရင်သင်္ဘော မျိုးဆက်တွေနဲ့ ယှဉ်ရင် လောင်စာသုံးစွဲမှုကို ၁၈ ဒသမ ၈ ရာခိုင်နှုန်းလျှော့ချထားပါတယ်။

အခုသင်္ဘောအသစ်ဟာ ၃၆၂ မီတာအရှည်ရှိကာ အကျယ် ၆၅ မီတာ ရှိပါတယ်။ အနက်က ၃၀ ဒသမ ၄ မီတာ ရှိပြီး ဘောလုံးကွင်း ၃ ကွင်းစာ အကျယ်အဝန်း ရှိပါတယ်။ တစ်နာရီကို ၁၄ .၅ မိုင်နှုန်း မောင်းနှင်နိုင်ပြီး ရေမိုင် ၂၅၅၀ဝ အထိ တောက်လျှောက် မောင်းနှင်နိုင်ပါတယ်။

အဲ့ဒီသင်္ဘောကြီးဟာ အဓိကအားဖြင့် ဘရာဇီးနဲ့ တရုတ်နိုင်ငံကြား သတ္တုရိုင်းပို့ဆောင်မှုအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)