မာရာဝီကို သိမ္းပိုက္စဥ္ အၾကမ္းအဖက္အဖြဲ႔က အတင္းအက်ပ္ ဘာသာကူးေျပာင္းခိုင္း

0
345

ဖိလစ္ပိုင္ႏိုင္ငံရွိ မာရာဝီၿမိဳ႕ကို IS ေက်ာေထာက္ေနာက္ခံ ေပးထားတဲ့ အၾကမ္းဖက္သမားေတြ သိမ္းပိုက္စဥ္အတြင္း အစၥလာမ္ဘာသာကို အတင္းအက်ပ္ ေျပာင္းေစတာ၊ လိင္ကြ်န္ျပဳတာေတြ လုပ္ေဆာင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေမလကစၿပီး ဂ်ီဟတ္ စစ္ေသြးၾကြေတြ မာရာဝီၿမိဳ႕ကို သိမ္းပိုက္စဥ္ လူေပါင္း ေထာင္ခ်ီေသဆံုးတာ၊ အမ်ိဳးသမီးေတြကို လိင္ကြ်န္ျပဳတာေတြကို အေရွ႕အလယ္ပိုင္းမွာ IS အၾကမ္းဖက္အဖြဲ႔ လုပ္ပံုလုပ္နည္းအတိုင္း လုပ္ခဲ့ၾကပါတယ္။

ထင္ရွားတဲ့ ကက္သလစ္ ဘုန္းေတာ္ႀကီး ဖာသာ တာရီစီတို ဆိုဂါနပ္ကိုလည္း ျပန္ေပးဆြဲခဲ့ၿပီး အစၥလာမ္ဘာသာကို အတင္းအက်ပ္   ကူးေျပာင္းေစခဲ့တယ္လို႔ ေဒသခံ သတင္းစာေတြက ေဖာ္ျပပါတယ္။ အစိုးရတပ္ေတြ မာရာဝီကို ျပန္လည္ သိမ္းပိုက္စဥ္ ဖာသာ ဆိုဂါနပ္ကို ဗလီတစ္ခုအနီးမွာ ေတြ႔ရွိခဲ့ၾကပါတယ္။

အသက္ရွင္က်န္ရစ္တဲ့ ျပန္ေပးဆြဲခံရသူေတြက အၾကမ္းဖက္သမားေတြဟာ သူတို႔ကို အတင္းအက်ပ္ ဘာသာကူးေျပာင္းေစေၾကာင္း၊ အစားအေသာက္ ခ်က္ျပဳတ္ခိုင္းတာ၊ ဒဏ္ရာရ အၾကမ္းဖက္သမားေတြကို သယ္ယူခိုင္းတာ၊ မိန္းမေတြကို ဂ်ီဟတ္စစ္ေသြးၾကြေတြနဲ႔     အတင္းေပးစားတာေတြ လုပ္ခဲ့တယ္လို႔ ေျပာၾကပါတယ္။

အတင္းအက်ပ္ ဘာသာကူးေျပာင္းေစတာဟာ ဘာသာကူးေျပာင္းမႈ အထမေျမာက္ဘူးလို႔ ဘုန္းေတာ္ႀကီး အက္ဒဝင္ ဒီလာ ပီနာကေတာ့ ေျပာပါတယ္။ ေဆးကုသမႈ ခံယူၿပီးရင္ေတာ့ ဖာသာ ဆိုဂါနပ္ဟာ ဖိလစ္ပိုင္သမၼတ ဒူတာေတးနဲ႔ ေတြ႔ဆံုဖို႔ ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မာရာဝီကို သိမ်းပိုက်စဉ် အကြမ်းအဖက်အဖွဲ့က အတင်းအကျပ် ဘာသာကူးပြောင်းခိုင်း

ဖိလစ်ပိုင်နိုင်ငံရှိ မာရာဝီမြို့ကို IS ကျောထောက်နောက်ခံ ပေးထားတဲ့ အကြမ်းဖက်သမားတွေ သိမ်းပိုက်စဉ်အတွင်း အစ္စလာမ်ဘာသာကို အတင်းအကျပ် ပြောင်းစေတာ၊ လိင်ကျွန်ပြုတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလကစပြီး ဂျီဟတ် စစ်သွေးကြွတွေ မာရာဝီမြို့ကို သိမ်းပိုက်စဉ် လူပေါင်း ထောင်ချီသေဆုံးတာ၊ အမျိုးသမီးတွေကို လိင်ကျွန်ပြုတာတွေကို အရှေ့အလယ်ပိုင်းမှာ IS အကြမ်းဖက်အဖွဲ့ လုပ်ပုံလုပ်နည်းအတိုင်း လုပ်ခဲ့ကြပါတယ်။

ထင်ရှားတဲ့ ကက်သလစ် ဘုန်းတော်ကြီး ဖာသာ တာရီစီတို ဆိုဂါနပ်ကိုလည်း ပြန်ပေးဆွဲခဲ့ပြီး အစ္စလာမ်ဘာသာကို အတင်းအကျပ် ကူးပြောင်းစေခဲ့တယ်လို့ ဒေသခံ သတင်းစာတွေက ဖော်ပြပါတယ်။ အစိုးရတပ်တွေ မာရာဝီကို ပြန်လည် သိမ်းပိုက်စဉ် ဖာသာ ဆိုဂါနပ်ကို ဗလီတစ်ခုအနီးမှာ တွေ့ရှိခဲ့ကြပါတယ်။

အသက်ရှင်ကျန်ရစ်တဲ့ ပြန်ပေးဆွဲခံရသူတွေက အကြမ်းဖက်သမားတွေဟာ သူတို့ကို အတင်းအကျပ် ဘာသာကူးပြောင်းစေကြောင်း၊ အစားအသောက် ချက်ပြုတ်ခိုင်းတာ၊ ဒဏ်ရာရ အကြမ်းဖက်သမားတွေကို သယ်ယူခိုင်းတာ၊ မိန်းမတွေကို ဂျီဟတ်စစ်သွေးကြွတွေနဲ့ အတင်းပေးစားတာတွေ လုပ်ခဲ့တယ်လို့ ပြောကြပါတယ်။

အတင်းအကျပ် ဘာသာကူးပြောင်းစေတာဟာ ဘာသာကူးပြောင်းမှု အထမမြောက်ဘူးလို့ ဘုန်းတော်ကြီး အက်ဒဝင် ဒီလာ ပီနာကတော့ ပြောပါတယ်။ ဆေးကုသမှု ခံယူပြီးရင်တော့ ဖာသာ ဆိုဂါနပ်ဟာ ဖိလစ်ပိုင်သမ္မတ ဒူတာတေးနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)