ကမာၻေပၚမွာ လူသန္း ၄၀ ေက်ာ္ ကြ်န္ျပဳခံေနရတယ္လို႔ ခန္႔မွန္း

0
308

၂၀၁၆ ခုႏွစ္အတြင္း ကမာၻေပၚမွာ လူ ၄၀ ဒသမ ၃ သန္း ကြ်န္ျပဳခံေနရတယ္လို႔ ခန္႔မွန္းထားၿပီး အာဖရိက က အဆိုးဆံုးျဖစ္ကာ အာရွနဲ႔   ပစိဖိတ္ေဒသလည္း ဆိုးရြားတဲ့အထဲမွာ ပါပါတယ္။

ကြ်န္ျပဳခံရမႈ တိုက္ဖ်က္ေရးအတြက္ ႏိုင္ငံတကာ အလုပ္သမား အဖြဲ႔ခ်ဳပ္ (ILO)၊ လူ႔အခြင့္အေရးအဖြဲ႔ ျဖစ္တဲ့ Walk Free ေဖာင္ေဒးရွင္းနဲ႔ ႏိုင္ငံတကာ ေရႊ႕ေျပာင္းသူးမ်ားဆိုင္ရာ အဖြဲ႔တို႔က ေလ့လာ ခန္႔မွန္းခဲ့တာ ျဖစ္ၿပီး ေခတ္သစ္ ကြ်န္ျပဳခံရသူ ေလးဦးမွာ သံုးဦးမွာ အမ်ိဳးသမီး၊  မိန္းကေလးေတြ ျဖစ္ပါတယ္။

လူ ၂၄ ဒသမ ၉ သန္းဟာ စက္႐ံုေတြ၊ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ေတြ၊ စိုက္ပ်ိဳးေရးလုပ္ငန္းနဲ႔ ငါးဖမ္းေလွေတြအျပင္ လိင္ေဖ်ာ္ေျဖေရး လုပ္ငန္းေတြမွာ အဓမၼ ခိုင္းေစခံေနရတာ ျဖစ္ပါတယ္။ လူ ၁၅ ဒသမ ၄ သန္းကေတာ့ အလိုမတူဘဲ လက္ထပ္ခံထားရပါတယ္။

ကြ်န္ျပဳခံရသူ ေလးဦးမွာ တစ္ဦးႏႈန္းဟာ ကေလးသူငယ္ေတြ ျဖစ္ပါတယ္။ အဆိုးဆံုး ကြ်န္ျပဳမႈက အာဖရိကမွာ ျဖစ္ၿပီး အဲဒီေနာက္မွာ   အာရွနဲ႔ ပစိဖိတ္ေဒသ ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘာပေါ်မှာ လူသန်း ၄၀ ကျော် ကျွန်ပြုခံနေရတယ်လို့ ခန့်မှန်း

၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ လူ ၄၀ ဒသမ ၃ သန်း ကျွန်ပြုခံနေရတယ်လို့ ခန့်မှန်းထားပြီး အာဖရိက က အဆိုးဆုံးဖြစ်ကာ အာရှနဲ့ ပစိဖိတ်ဒေသလည်း ဆိုးရွားတဲ့အထဲမှာ ပါပါတယ်။

ကျွန်ပြုခံရမှု တိုက်ဖျက်ရေးအတွက် နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် (ILO)၊ လူ့အခွင့်အရေးအဖွဲ့ ဖြစ်တဲ့ Walk Free ဖောင်ဒေးရှင်းနဲ့ နိုင်ငံတကာ ရွှေ့ပြောင်းသူးများဆိုင်ရာ အဖွဲ့တို့က လေ့လာ ခန့်မှန်းခဲ့တာ ဖြစ်ပြီး ခေတ်သစ် ကျွန်ပြုခံရသူ လေးဦးမှာ သုံးဦးမှာ အမျိုးသမီး၊ မိန်းကလေးတွေ ဖြစ်ပါတယ်။

လူ ၂၄ ဒသမ ၉ သန်းဟာ စက်ရုံတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ၊ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ငါးဖမ်းလှေတွေအပြင် လိင်ဖျော်ဖြေရေး လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေခံနေရတာ ဖြစ်ပါတယ်။ လူ ၁၅ ဒသမ ၄ သန်းကတော့ အလိုမတူဘဲ လက်ထပ်ခံထားရပါတယ်။

ကျွန်ပြုခံရသူ လေးဦးမှာ တစ်ဦးနှုန်းဟာ ကလေးသူငယ်တွေ ဖြစ်ပါတယ်။ အဆိုးဆုံး ကျွန်ပြုမှုက အာဖရိကမှာ ဖြစ်ပြီး အဲဒီနောက်မှာ အာရှနဲ့ ပစိဖိတ်ဒေသ ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)