
0
289




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂရင်းဖဲလ် တာဝါ မီးလောင်မှု အလောင်းပုံတွေ ဖေ့စ်ဘုတ်တင်သူ ထောင်ကျ

လန်ဒန်ရှိ ဂရင်းဖဲလ် တာဝါ မီးလောင်မှုမှာ သေဆုံးသူတွေရဲ့ အလောင်းပုံတွေကို ဖေ့စ်ဘုတ် လူမှုကွန်ရက်မှာ တင်တဲ့လူတစ်ဦးဟာ ထောင်ဒဏ် ၃ လ ချမှတ်ခံလိုက်ရပါတယ်။

အသက် ၄၃ နှစ်အရွယ် အိုမီဂါ မာဝေကမ်ဘို ဆိုသူဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက မီးလောင်ခဲ့တဲ့ ဂရင်းဖဲလ် ဝါတာမှာ သေဆုံးသူတွေကို ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်တင်မိတဲ့အတွက် နောင်တရမိကြောင်း ပြောပါတယ်။ ဓာတ်ပုံရိုက်ခဲ့ပေမယ့် ဘာမှ အမှားမလုပ်ခဲ့ပါဘူး၊ ကျွန်တော် သတ်ဖြတ်တာလည်း မဟုတ်၊ ရာဇဝတ်မှု ကျူးလွန်တာလည်း မဟုတ်ဘူးလို့ သူက ပြောဆိုခဲ့ပါတယ်။

အထပ် ၂၄ ထပ်ရှိ ဂရင်းဖဲလ်တာဝါ မီးလောင်မှုမှာ လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ပြီး ဆာ မာတင် မူးဘစ်ခ် ဦးဆောင်တဲ့ အဖွဲ့က မီးလောင်မှုကို စုံစမ်းစစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)