IS အၾကမ္းဖက္အဖြဲ႔ထဲဝင္တဲ့ ဂ်ာမန္ ဆယ္ေက်ာ္သက္ မိန္းကေလး ေသဒဏ္က်ဖြယ္ရွိ

0
269

IS အၾကမ္းဖက္အဖြဲ႔နဲ႔ ပူးေပါင္းတဲ့ ဂ်ာမန္ ဆယ္ေက်ာ္သက္ မိန္းကေလးဟာ ေသဒဏ္က်ခံရႏိုင္တယ္လို႔ အီရတ္ ဝန္ႀကီးခ်ဳပ္က               အရိပ္အျမြက္ ေျပာၾကားလိုက္ပါတယ္။

ဝန္ႀကီးခ်ဳပ္ ေဟဒါ အယ္လ္ အဘာဒီက အီရတ္အေနနဲ႔ အသက္ ၁၆ ႏွစ္အရြယ္ လင္ဒါ ဝင္ဇယ္ကို ေသဒဏ္ေပးဖို႔ စဥ္းစားေနတယ္လို႔ ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။ အျပစ္မရွိတဲ့လူေတြကို သတ္ရင္ ရာဇဝတ္မႈျဖစ္ၿပီး သူတို႔လုပ္ေဆာင္မႈအတြက္ သူတို႔ တာဝန္ယူရမယ္၊ ဆယ္ေက်ာ္သက္ေတြဟာ ဥပေဒနဲ႔ ၿငိစြန္းေနတယ္လို႔ အဘာဒီက ေျပာပါတယ္။

လင္ဒါ ဝင္ဇယ္ဟာ ဘဂၢဒက္ေထာင္မွာ ဖမ္းဆီးခံထားရၿပီး အစိုးရေရွ႕ေနေတြက ေသဒဏ္ခ်ဖို႔ ေလွ်ာက္လဲရင္ အဆံုးအျဖတ္ေပးမွာ ျဖစ္တယ္လို႔ အဘာဒီက ဆိုပါတယ္။

လင္ဒါ ဝင္ဇယ္ရဲ႕ ဖခင္ ေရနာ ဝင္ဇယ္ကေတာ့ က်န္းက်န္းမာမာနဲ႔ လင္ဒါ အိမ္ျပန္လာဖို႔ အမ်ားႀကီး ေမွ်ာ္လင့္ပါတယ္လို႔ ေျပာပါတယ္။    လင္ဒါ ဝင္ဇယ္ဟာ မြတ္စလင္တစ္ေယာက္နဲ႔ ခ်စ္ႀကိဳက္ၿပီးေနာက္ ၿပီးခဲ့တဲ့ တစ္ႏွစ္က ဂ်ာမနီကေန ထြက္ေျပးလာၿပီး IS အၾကမ္းဖက္အဖြဲ႔ထဲ ဝင္ခဲ့တာ ျဖစ္ကာ မိုဆူးလ္ၿမိဳ႕မွာ ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

IS အကြမ်းဖက်အဖွဲ့ထဲဝင်တဲ့ ဂျာမန် ဆယ်ကျော်သက် မိန်းကလေး သေဒဏ်ကျဖွယ်ရှိ

IS အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းတဲ့ ဂျာမန် ဆယ်ကျော်သက် မိန်းကလေးဟာ သေဒဏ်ကျခံရနိုင်တယ်လို့ အီရတ် ဝန်ကြီးချုပ်က အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။

ဝန်ကြီးချုပ် ဟေဒါ အယ်လ် အဘာဒီက အီရတ်အနေနဲ့ အသက် ၁၆ နှစ်အရွယ် လင်ဒါ ဝင်ဇယ်ကို သေဒဏ်ပေးဖို့ စဉ်းစားနေတယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အပြစ်မရှိတဲ့လူတွေကို သတ်ရင် ရာဇဝတ်မှုဖြစ်ပြီး သူတို့လုပ်ဆောင်မှုအတွက် သူတို့ တာဝန်ယူရမယ်၊ ဆယ်ကျော်သက်တွေဟာ ဥပဒေနဲ့ ငြိစွန်းနေတယ်လို့ အဘာဒီက ပြောပါတယ်။

လင်ဒါ ဝင်ဇယ်ဟာ ဘဂ္ဂဒက်ထောင်မှာ ဖမ်းဆီးခံထားရပြီး အစိုးရရှေ့နေတွေက သေဒဏ်ချဖို့ လျှောက်လဲရင် အဆုံးအဖြတ်ပေးမှာ ဖြစ်တယ်လို့ အဘာဒီက ဆိုပါတယ်။

လင်ဒါ ဝင်ဇယ်ရဲ့ ဖခင် ရေနာ ဝင်ဇယ်ကတော့ ကျန်းကျန်းမာမာနဲ့ လင်ဒါ အိမ်ပြန်လာဖို့ အများကြီး မျှော်လင့်ပါတယ်လို့ ပြောပါတယ်။ လင်ဒါ ဝင်ဇယ်ဟာ မွတ်စလင်တစ်ယောက်နဲ့ ချစ်ကြိုက်ပြီးနောက် ပြီးခဲ့တဲ့ တစ်နှစ်က ဂျာမနီကနေ ထွက်ပြေးလာပြီး IS အကြမ်းဖက်အဖွဲ့ထဲ ဝင်ခဲ့တာ ဖြစ်ကာ မိုဆူးလ်မြို့မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)