ရေလီတာများစွာ သောက်ခိုင်းပြီးနောက် သားဖြစ်သူ သေဆုံးလို့ စုံတွဲ အဖမ်းခံရ

0
427

အမေရိကန် ပြည်ထောင်စုမှာ အသက် ၁၁ နှစ်အရွယ် သားဖြစ်သူကို အချိန်တိုအတွင်း ရေလီတာပေါင်းများစွာ သောက်ခိုင်းပြီးနောက် သေဆုံးသွားတဲ့အတွက် ဖခင်နဲ့ မိထွေးတို့နှစ်ဦး အဖမ်းခံလိုက်ရပါတယ်။

ကော်လိုရာဒိုပြည်နယ်၊ အယ်လ်ပါဆို စီရင်စုမှာ နေထိုင်တဲ့ တပ်ကြပ်ကြီး ရိုင်ယန် ဆာဘင်နဲ့ ဇနီး တာရာ ဆာဘင်တို့ သားဖြစ်သူ သေဆုံးမှုအတွက် ရဲစခန်းမှာ လာရောက်အဖမ်းခံကြတာပါ။ ဇာချရီ ဆာဘင်ဟာ ပြီးခဲ့တဲ့ မတ်လက သေဆုံးခဲ့တာ ဖြစ်ပေမယ့် ဖမ်းဝရမ်း မထုတ်ခဲ့သေးဘဲ ဇွန်လ ၁၆ ရက်နေ့ကမှ ဖခင်ဖြစ်သူ ဆာဘင်နဲ့ မိထွေးဖြစ်သူ တာရာ ဆာဘင်တို့ကို ဖမ်းဝရမ်း ထုတ်ခဲ့တာပါ။

ဖမ်းဝရမ်းထုတ်တဲ့ညမှာပဲ သူတို့နှစ်က လာရောက် အဖမ်းခံခဲ့ရပြီး အာမခံမပေးဘဲ အယ်လ်ပါဆို စီရင်စု ထောင်မှာ ဖမ်းဆီးထားပါတယ်။

မတ်လ ၁၀ ရက်နေ့မှာ ဇာချရီ ဆာဘင် လေးနာရီအတွင်း ရေ ၂ ဒသမ ၇ လီတာကို သောက်ခိုင်းခဲ့လို့ သေဆုံးခဲ့တာလို့ အယ်လ်ပါဆို စီရင်စု ရဲအရာရှိက အတည်ပြုပါတယ်။ ဇာချရီဟာ ရေတွေကို သောက်ပြီး ညနေပိုင်းမှာ နေမကောင်းဖြစ်လာပြီး ငိုက်မြည်းတာ၊ စကားမပြောနိုင်တာတွေဖြစ်ကာ ပါးစပ်က အမြုပ်တွေထွက်ပြီး သေဆုံးခဲ့တာပါ။

မတ်လ ၁၁ ရက်နေ့မှာ သူတို့စုံတွဲက ရဲကို အကြောင်းကြားခဲ့ပါတယ်။ ဇာချရီရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေ၊ နဖူးနဲ့ ဘယ်ဘက် မျက်ခုံးမှာ သွေးစသွေးနတွေ တွေ့တယ်လို့ ရဲက ပြောပါတယ်။

ဆာဘငတြို့ စုံတှဲကတော့ ဇာခရွီဟာ ဆီးအရောငတြှေ ရင့နြပှေီး အနံ့အသကပြှငြးလို့ ရအမွေားအပှား သောကခြိုငြးခဲ့တာလို့ ကနဦး ထှကဆြိုထားပါတယြ။

_________________

_________________

ရလေီတာမြားစှာ သောကျခိုငျးပွီးနောကျ သားဖွဈသူ သဆေုံးလို့ စုံတှဲ အဖမျးခံရ

အမေရိကန် ပြည်ထောင်စုမှာ အသက် ၁၁ နှစ်အရွယ် သားဖြစ်သူကို အချိန်တိုအတွင်း ရေလီတာပေါင်းများစွာ သောက်ခိုင်းပြီးနောက် သေဆုံးသွားတဲ့အတွက် ဖခင်နဲ့ မိထွေးတို့နှစ်ဦး အဖမ်းခံလိုက်ရပါတယ်။

ကော်လိုရာဒိုပြည်နယ်၊ အယ်လ်ပါဆို စီရင်စုမှာ နေထိုင်တဲ့ တပ်ကြပ်ကြီး ရိုင်ယန် ဆာဘင်နဲ့ ဇနီး တာရာ ဆာဘင်တို့ သားဖြစ်သူ သေဆုံးမှုအတွက် ရဲစခန်းမှာ လာရောက်အဖမ်းခံကြတာပါ။ ဇာချရီ ဆာဘင်ဟာ ပြီးခဲ့တဲ့ မတ်လက သေဆုံးခဲ့တာ ဖြစ်ပေမယ့် ဖမ်းဝရမ်း မထုတ်ခဲ့သေးဘဲ ဇွန်လ ၁၆ ရက်နေ့ကမှ ဖခင်ဖြစ်သူ ဆာဘင်နဲ့ မိထွေးဖြစ်သူ တာရာ ဆာဘင်တို့ကို ဖမ်းဝရမ်း ထုတ်ခဲ့တာပါ။

ဖမ်းဝရမ်းထုတ်တဲ့ညမှာပဲ သူတို့နှစ်က လာရောက် အဖမ်းခံခဲ့ရပြီး အာမခံမပေးဘဲ အယ်လ်ပါဆို စီရင်စု ထောင်မှာ ဖမ်းဆီးထားပါတယ်။

မတ်လ ၁၀ ရက်နေ့မှာ ဇာချရီ ဆာဘင် လေးနာရီအတွင်း ရေ ၂ ဒသမ ၇ လီတာကို သောက်ခိုင်းခဲ့လို့ သေဆုံးခဲ့တာလို့ အယ်လ်ပါဆို စီရင်စု ရဲအရာရှိက အတည်ပြုပါတယ်။ ဇာချရီဟာ ရေတွေကို သောက်ပြီး ညနေပိုင်းမှာ နေမကောင်းဖြစ်လာပြီး ငိုက်မြည်းတာ၊ စကားမပြောနိုင်တာတွေဖြစ်ကာ ပါးစပ်က အမြုပ်တွေထွက်ပြီး သေဆုံးခဲ့တာပါ။

မတ်လ ၁၁ ရက်နေ့မှာ သူတို့စုံတွဲက ရဲကို အကြောင်းကြားခဲ့ပါတယ်။ ဇာချရီရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေ၊ နဖူးနဲ့ ဘယ်ဘက် မျက်ခုံးမှာ သွေးစသွေးနတွေ တွေ့တယ်လို့ ရဲက ပြောပါတယ်။     

ဆာဘင်တို့ စုံတွဲကတော့ ဇာချရီဟာ ဆီးအရောင်တွေ ရင့်နေပြီး အနံ့အသက်ပြင်းလို့ ရေအများအပြား သောက်ခိုင်းခဲ့တာလို့ ကနဦး ထွက်ဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)