ဖမ်းထားတဲ့ အိန္ဒိယ စစ်သည် ၁၀ ဦးကို တရုတ် လွှတ်ပေး

0
447

အိန္ဒိယ-တရုတ်နိုင်ငံ နယ်စပ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်က ပဋိပက္ခဖြစ်လို့ အိန္ဒိယ စစ်သည် ၂၀ ဦး သေဆုံးပြီးနောက် တရုတ်စစ်တပ်က ဖမ်းထားတဲ့ အိန္ဒိယ အရာရှိ လေးဦးအပါအဝင် စစ်သည် ၁၀ ဦးကို ပြန်လွှတ်ပေးလိုက်ပါတယ်။

ဂယ်လ်ဝမ်တောင်ကြားမှာ ဗိုလ်မှူးချုပ်အဆင့်တွေ ဦးဆောင် ဆွေးနွေးညှိနှိုင်းပြီး သုံးရက်အကြာမှာ အိန္ဒိယစစ်တပ်က ဗိုလ်မှူး နှစ်ဦးအပါအဝင် စစ်သည် ၁၀ ဦးကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပြီး သူတို့အားလုံး အိန္ဒိယနိုင်ငံဘက်ကို ပြန်လည် ရောက်ရှိလာကြပါပြီ။

ပျောက်ဆုံးနေတဲ့ အိန္ဒိယစစ်သည် မကျန်ရှိတော့ဘူးလို့ အိန္ဒိယစစ်တပ်က ဇွန်လ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပြီး အသေးစိတ်ကိုတော့ မဖော်ပြထားပါဘူး။

အငြင်းပွားနေတဲ့ နယ်စပ်မှာ အိန္ဒိယ စစ်တပ်နဲ့ တရုတ် စစ်တပ်တို့ ပဋိပက္ခဖြစ်ခဲ့ကြရာမှာ အိန္ဒိယဘက်က စစ်သည် ၇၆ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာ ဆိုးရွားမှု မရှိပါဘူး။ ပဋိပက္ခဖြစ်ပွားစဉ် တရုတ်စစ်သည်တွေက သံချောင်းတပ်ထားတဲ့ တုတ်တွေ၊ သံဆူးကြိုးတပ်ထားတဲ့ တုတ်တွေနဲ့ ရိုက်နှက်ခဲ့ကြတာပါ။

အိနဒြိယက လာဒကဒွသမှော ဂယဝွမွ တောငကွှားကို ဖှတပွှီး ဗှူဟာကတှဲ့လမွးမကှီးကို ဖောကလွုပနွပေါတယွ။ ဒါကို တရုတဘွကကွ ကန့ကွှကနွလေို့ တငမွာမှုတှေ မကှာခဏ ပေါပွေါကနွတောပါ။

____________________

____________________

ဖမြးထားတဲ့ အိနျဒိယ စဈသညြ ၁၀ ဦးကို တရုတ် လှှတပြေး

အိန္ဒိယ-တရုတ်နိုင်ငံ နယ်စပ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်က ပဋိပက္ခဖြစ်လို့ အိန္ဒိယ စစ်သည် ၂၀ ဦး သေဆုံးပြီးနောက် တရုတ်စစ်တပ်က ဖမ်းထားတဲ့ အိန္ဒိယ အရာရှိ လေးဦးအပါအဝင် စစ်သည် ၁၀ ဦးကို ပြန်လွှတ်ပေးလိုက်ပါတယ်။

ဂယ်လ်ဝမ်တောင်ကြားမှာ ဗိုလ်မှူးချုပ်အဆင့်တွေ ဦးဆောင် ဆွေးနွေးညှိနှိုင်းပြီး သုံးရက်အကြာမှာ အိန္ဒိယစစ်တပ်က ဗိုလ်မှူး နှစ်ဦးအပါအဝင် စစ်သည် ၁၀ ဦးကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပြီး သူတို့အားလုံး အိန္ဒိယနိုင်ငံဘက်ကို ပြန်လည် ရောက်ရှိလာကြပါပြီ။

ပျောက်ဆုံးနေတဲ့ အိန္ဒိယစစ်သည် မကျန်ရှိတော့ဘူးလို့ အိန္ဒိယစစ်တပ်က ဇွန်လ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပြီး အသေးစိတ်ကိုတော့ မဖော်ပြထားပါဘူး။

အငြင်းပွားနေတဲ့ နယ်စပ်မှာ အိန္ဒိယ စစ်တပ်နဲ့ တရုတ် စစ်တပ်တို့ ပဋိပက္ခဖြစ်ခဲ့ကြရာမှာ အိန္ဒိယဘက်က စစ်သည် ၇၆ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာ ဆိုးရွားမှု မရှိပါဘူး။ ပဋိပက္ခဖြစ်ပွားစဉ် တရုတ်စစ်သည်တွေက သံချောင်းတပ်ထားတဲ့ တုတ်တွေ၊ သံဆူးကြိုးတပ်ထားတဲ့ တုတ်တွေနဲ့ ရိုက်နှက်ခဲ့ကြတာပါ။   

အိန္ဒိယက လာဒက်ဒေသမှာ ဂယ်ဝမ် တောင်ကြားကို ဖြတ်ပြီး ဗျူဟာကျတဲ့လမ်းမကြီးကို ဖောက်လုပ်နေပါတယ်။ ဒါကို တရုတ်ဘက်က ကန့်ကွက်နေလို့ တင်မာမှုတွေ မကြာခဏ ပေါ်ပေါက်နေတာပါ။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)