ဖမ်းဆီးထားတဲ့ ကနေဒါနိုင်ငံသား နှစ်ဦးကို တရုတ်က သူလျှိုမှုနဲ့ တရားစွဲ

0
208

ဖမ်းဆီးထားတာ ၁၈ လ ကြာပြီဖြစ်တဲ့ ကနေဒါနိုင်ငံသား နှစ်ဦးကို တရုတ်အစိုးရက သူလျှိုမှုနဲ့ တရားစွဲလိုက်ပါတယ်။ ကနေဒါ သံတမန်ဟောင်း မိုက်ကယ် ကိုဗရစ်ဂျ်ကို ဘေဂျင်းမြို့မှာ၊ စီးပွားရေးသမား မိုက်ကယ် စပါဗိုရ်ကို အရှေ့မြောက်ပိုင်း ပြည်နယ်ဖြစ်တဲ့ လီယာယိုနင်မှာ အသီးသီး တရားစွဲလိုက်တာပါ။

ဟွာဝေးအမှုဆောင် မင် ဝမ်ဇူကို အမေရိကန်ရဲ့ တောင်းဆိုမှုကြောင့် ကနေဒါအစိုးရက ဗန်ကူးဗားမြို့မှာ ဖမ်းဆီးလိုက်ပြီးနောက် ကနေဒါနဲ့ တရုတ်ကြား တင်းမာမှုတွေ ဖြစ်နေခဲ့ပါတယ်။ ဟွာဝေး ဘဏ္ဍာရေး အရာရှိချုပ်ဟာ ပိတ်ဆို့အရေးယူခံထားရတဲ့ အီရန်ကို အကူအညီပေးခဲ့တယ်လို့ အမေရိကန်က စွပ်စွဲပြီး ဖမ်းဆီးခိုင်းခဲ့တာပါ။

ဟွာဝေးပိုင်ရှင် သူဌေးကြီးရဲ့ သမီးလည်း ဖြစ်သူ မင် ဝမ်ဇူ အဖမ်းခံရပြီးနောက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ ကနေဒါ နိုင်ငံသားနှစ်ဦးကို တရုတ်အစိုးရက ဖမ်းဆီးခဲ့တာပါ။


__________________

__________________

ဖမ်းဆီးထားတဲ့ ကနေဒါနိုင်ငံသား နှစ်ဦးကို တရုတ်က သူလျှိုမှုနဲ့ တရားစွဲ

ဖမ်းဆီးထားတာ ၁၈ လ ကြာပြီဖြစ်တဲ့ ကနေဒါနိုင်ငံသား နှစ်ဦးကို တရုတ်အစိုးရက သူလျှိုမှုနဲ့ တရားစွဲလိုက်ပါတယ်။ ကနေဒါ သံတမန်ဟောင်း မိုက်ကယ် ကိုဗရစ်ဂျ်ကို ဘေဂျင်းမြို့မှာ၊ စီးပွားရေးသမား မိုက်ကယ် စပါဗိုရ်ကို အရှေ့မြောက်ပိုင်း ပြည်နယ်ဖြစ်တဲ့ လီယာယိုနင်မှာ အသီးသီး တရားစွဲလိုက်တာပါ။



ကနေဒါအစိုးရအနေနဲ့ သူတို့အမှားကို ပြင်ဆင်ပြီး မင်ကို လွှတ်ပေးဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။ 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)