သြစတြေးလျကို အစိုးရတစ်ရပ် ကျောထောက်နောက်ခံပေးထားတဲ့ ဆိုင်ဘာ တိုက်ခိုက်မှု လုပ်နေ

0
501

သြစတြေးလျဟာ အစိုးရတစ်ရပ်က ကျောထောက်နောက်ခံပေးထားတဲ့ အဆင့်မြင့် နည်းပညာနဲ့ ဆိုင်ဘာ တိုက်ခိုက်မှု အလုပ်ခံနေရတယ်လို့ သြစတြေးလျ ဝန်ကြီးချုပ်က ပြောပါတယ်။

ပြည်သူတွေကို သတိပြုကြဖို့ ဝန်ကြီးချုပ် စကောက် မော်ရစ်ဆန်က ပြောပေမယ့် ဘယ်နိုင်ငံရဲ့ လက်ချက်ဆိုတာတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ဆိုင်ဘာတိုက်ခိုက်မှုတွေဟာ သြစတြေးလျရှိ ကဏ္ဍမျိုးစုံကို ပစ်မှတ်ထားနေကြောင်း၊ အစိုးရအဆင့်၊ စက်မှုလုပ်ငန်း၊ နိုင်ငံရေးအဖွဲ့အစည်း၊ ပညာရေး၊ ကျန်းမာရေး၊ ပြည်သူ့ဝန်ဆောင်မှု အဓိကလုပ်ငန်းတွေနဲ့ တခြား အရေးကြီးတဲ့ အော်ပရေတာတွေ ပစ်မှတ်ထားခံနေရတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း ဆိုင်ဘာတိုက်ခိုက်မှုတွေ ဆက်တိုက်နဲ့ ကြိမ်နှုန်းလည်း မြင့်လာကြောင်း သူက ပြောပါတယ်။

သြစတြေးလျ မဟာဗျူဟာ မူဝါဒ အင်စတီကျုရဲ့ အမှုဆောင် ဒါရိုက်တာ ပီတာ ဂျင်းနင်းစ်ကတော့ အခု ဆိုင်ဘာ တိုက်ခိုက်မှုတွေဟာ တရုတ်နိုင်ငံရဲ့ လက်ချက်ဆိုတာ ၉၅ ရာခိုင်နှုန်း သေချာကြောင်း ပြောပါတယ်။

ရုရှားက တိုက်ခိုက်မှု မလုပ်နိုင်ကြောင်း၊ အလားတူ မြောက်ကိုရီးယား လက်ချက်လည်း မဟုတ်နိုင်ကြောင်း၊ ဒီနိုင်ငံတွေဟာ အခုလောက်ထိ တိုက်ခိုက်ဖို့ အကျိုးစီးပွားလည်း မရှိကြောင်း၊ ရုရှားနဲ့ မြောက်ကိုရီးယားဟာ နိုင်ငံ၊ အစိုးရနဲ့ တက္ကသိုလ်တွေကို ဆိုင်ဘာ တိုက်ခိုက်ဖို့ စိတ်မဝင်စားကြောင်း ပီတာ ဂျင်းနင်းစ်က ပြောပါတယ်။

သှစတှေးလှ ဝနကွှီးခှုပကွလညွး ဒီလို စှမွးဆောငရွညဟွာ နိုငငွံတဈနိုငကွ အားပေးအားမှောကွ လုပပွေးတဲ့ လုပဆွောငခွကွှ ဖှဈကှောငွး၊ ဒီလို အစှမွးနဲ့ နိုငငွံတှကေ အားပေးလုပဆွောငတွဲ့ နိုငငွံလညွး မှားမှားမရှိကှောငွး ပှောပါတယွ။

____________________

____________________

သှစတှေးလကွို အစိုးရတဈရပြ ကွောထောကနြောကခြံပေးထားတဲ့ ဆိုငဘြာ တိုကခြိုကမြှု လုပနြေ

သြစတြေးလျဟာ အစိုးရတစ်ရပ်က ကျောထောက်နောက်ခံပေးထားတဲ့ အဆင့်မြင့် နည်းပညာနဲ့ ဆိုင်ဘာ တိုက်ခိုက်မှု အလုပ်ခံနေရတယ်လို့ သြစတြေးလျ ဝန်ကြီးချုပ်က ပြောပါတယ်။

ပြည်သူတွေကို သတိပြုကြဖို့ ဝန်ကြီးချုပ် စကောက် မော်ရစ်ဆန်က ပြောပေမယ့် ဘယ်နိုင်ငံရဲ့ လက်ချက်ဆိုတာတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ဆိုင်ဘာတိုက်ခိုက်မှုတွေဟာ သြစတြေးလျရှိ ကဏ္ဍမျိုးစုံကို ပစ်မှတ်ထားနေကြောင်း၊ အစိုးရအဆင့်၊ စက်မှုလုပ်ငန်း၊ နိုင်ငံရေးအဖွဲ့အစည်း၊ ပညာရေး၊ ကျန်းမာရေး၊ ပြည်သူ့ဝန်ဆောင်မှု အဓိကလုပ်ငန်းတွေနဲ့ တခြား အရေးကြီးတဲ့ အော်ပရေတာတွေ ပစ်မှတ်ထားခံနေရတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း ဆိုင်ဘာတိုက်ခိုက်မှုတွေ ဆက်တိုက်နဲ့ ကြိမ်နှုန်းလည်း မြင့်လာကြောင်း သူက ပြောပါတယ်။

သြစတြေးလျ မဟာဗျူဟာ မူဝါဒ အင်စတီကျုရဲ့ အမှုဆောင် ဒါရိုက်တာ ပီတာ ဂျင်းနင်းစ်ကတော့ အခု ဆိုင်ဘာ တိုက်ခိုက်မှုတွေဟာ တရုတ်နိုင်ငံရဲ့ လက်ချက်ဆိုတာ ၉၅ ရာခိုင်နှုန်း သေချာကြောင်း ပြောပါတယ်။ 

ရုရှားက တိုက်ခိုက်မှု မလုပ်နိုင်ကြောင်း၊ အလားတူ မြောက်ကိုရီးယား လက်ချက်လည်း မဟုတ်နိုင်ကြောင်း၊ ဒီနိုင်ငံတွေဟာ အခုလောက်ထိ တိုက်ခိုက်ဖို့ အကျိုးစီးပွားလည်း မရှိကြောင်း၊ ရုရှားနဲ့ မြောက်ကိုရီးယားဟာ နိုင်ငံ၊ အစိုးရနဲ့ တက္ကသိုလ်တွေကို ဆိုင်ဘာ တိုက်ခိုက်ဖို့ စိတ်မဝင်စားကြောင်း ပီတာ ဂျင်းနင်းစ်က ပြောပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ်ကလည်း ဒီလို စွမ်းဆောင်ရည်ဟာ နိုင်ငံတစ်နိုင်က အားပေးအားမြောက် လုပ်ပေးတဲ့ လုပ်ဆောင်ချက် ဖြစ်ကြောင်း၊ ဒီလို အစွမ်းနဲ့ နိုင်ငံတွေက အားပေးလုပ်ဆောင်တဲ့ နိုင်ငံလည်း များများမရှိကြောင်း ပြောပါတယ်။   

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)