ကပ်ရောဂါကို ကိုင်တွယ်စီမံမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ WHO စလုပ်

0
407

ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံတကာတုံ့ပြန်မှုမှာ စီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အဖွဲ့ဝင်နိုင်ငံ အများစုရဲ့ တောင်းဆိုမှုကြောင့် စတင် လုပ်ဆောင်နေပါတယ်။

လူဦးရေ ၃ သိန်းကျော် သေဆုံးပြီး ကမ္ဘာ့စီးပွားရေး ပျက်ကပ်ဆိုက်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်တို့က အပြန်အလှန် လက်ညှိုးထိုး စွပ်စွဲနေမှု သီတင်းပတ် အတော်ကြာပြီးနောက် အခုလို စုံစမ်းစစ်ဆေးမှု စတင်လာတာပါ။

COVID-19 ရောဂါကို ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုမှာ WHO ရဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ သင်ခန်းစာယူရေး သုံးသပ်နိုင်ဖို့ အာဖရိက မဟာမိတ်အဖွဲ့၊ ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံတွေက ရှင်းလင်းတဲ့ အကဲဖြတ်ချက်ကို လိုချင်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ရဲ့အစဟာ ဘယ်ကလာသလဲဆိုတာနဲ့ ပတ်သက်လို့ ဆန်းစစ်တဲ့အခါမှာ စုံစမ်းစစ်ဆေးမှုဟာ ရပ်နေဖွယ် ရှိပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံက ဓာတ်ခွဲခန်းက စတယ်ဆိုတာ အထောက်အထားရှိတယ်လို့ ကြေညာပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေက ဗိုင်းရပ်စ်ဟာ တိရစ္ဆာန်ကနေ လူကို ကူးတယ်လို့ အထောက်အထားက ပြနေတယ်လို့ ပြောကြပါတယ်။

သမ္မတ ထရမ့်က WHO ဟာ ဆိုးရွားတဲ့ အကြံတွေ အများကြီးပေးခဲ့ပြီး အမြဲတမ်း တရုတ်ဘက်က နေတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ပြီး WHO ကို ထည့်ဝင်နေတဲ့ ရန်ပုံငွေကိုလည်း အမေရိကန် ဒေါ်လာ သန်း ၄၅၀ မပေးတော့ဘဲ ဒေါ်လာ သန်း ၄၀ ပဲ ပေးဖို့ စဉ်းစားနေပါတယ်။

_________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)