ဘုရင်ကြီး ထီးနန်းစွန့်လွှတ်နိုင်တဲ့ ဥပဒေကို ဂျပန်အစိုးရ အတည်ပြုပြီ

0
294

ဘုရင်ကြီး အာကီဟီတိုထီးနန်းစွန့်လွှတ်ဖို့ ခွင့်ပြုပေးတဲ့ဥပဒေကို ဂျပန်အစိုးရက အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

အဆိုပါဥပဒေကို ပြဌာန်းပြီးချိန်မှာ ဘုရင်ကြီးအာကီဟီတို ထီးနန်းစွန့်ခဲ့မယ်ဆိုရင် ရာစုနှစ်နှစ် နှစ်စုအတွင်း သူဟာ ပထမဆုံးအကြိမ် ထီးနန်းစွန့်တဲ့ ဂျပန်ဘုရင်ကြီးဖြစ်လာမှာဖြစ်ပါတယ်။

အသက် ၈၃ နှစ်အရွယ် ဘုရင်ကြီးအာကီဟီတိုက သူ့အနေနဲ့ အသက်အရွယ်ရလာပြီဖြစ်လို့ ဘုရင်တပါးအနေနဲ့ တာဝန်တွေ ကျေပွန်အောင်ထမ်းဆောင်ဖို့ မလွယ်ကူတော့ကြောင်းနဲ့ ထီးနန်းကိုစွန့်လွှတ်လိုကြောင်း ပြီးခဲ့တဲ့နှစ် က အရိပ်အမြွတ်ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ တည်ဆဲဥပဒေရ ဘုရင်ကြီးအာကီဟီတို ထီးနန်းစွန့်ပြီး အိမ်ရှေ့မင်းသား နာရုဟီတိုကို လွှဲပြောင်းပေးလို့ မရသေးပါဘူး။ အဆိုပါ ဥပဒေကို လွှတ်တော်မှာ တင်ပြမှာဖြစ်ပြီး လွှတ်တော်ကလည်း ခွင့်ပြုဖို့များနေကြောင်း သိရှိရပါတယ်။

၁၈၁၇ ခုနှစ်ကစတင်တဲ့ ကိုကကုမင်းဆက်မှာ ဘုရင်ကြီး အာကီဟီတိုဟာ ပထမဆုံးအကြိမ် ထီးနန်းစွန့်လွှတ်သူ ဖြစ်လာ ဖွယ်ရှိနေပါတယ်။
ဘုရင်ကြီးအာကီဟီတိုဟာ နှလုံးခွဲစိတ်ကုသမှုခံယူထားရပြီး ဆီးကျိတ်ကင်ဆာကိုလည်း ကုသနရပါတယ်။

သူဟာ ၁၉၈၉ ခုနှစ်မှာ ဘုရင်ကြီးဟီရိုဟီတိုထံကနေ ထီးနန်းအမွေဆက်ခံခဲ့တာဖြစ်ပါတယ်။ ဘုရင်ကြီးအာကီဟီတို ကို ဂျပန်ပြည်သူအများအပြားက ချစ်ခင်လေးစားကြကြောင်းလည်း သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)