အနောက်အာဖရိကနိုင်ငံ တစ်နိုင်ငံက ဆယ်ကျော်သက် ဆစ်ဒနီမှာ လိင်ကျွန်ပြုခံနေရ

0
293

အနောက်အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂူနီယာနိုင်ငံက ဆယ်ကျော်သက်တစ်ဦးဟာ သြစတေးလျနိုင်ငံ၊ ဆစ်ဒနီ မြို့မှာ လိင်ကျွန်ပြုခံနေရကနေ လွတ်မြောက်လာကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အိမ်သန့်ရှင်းရေးအလုပ်လုပ်ရမယ်ဆိုပြီး ယောက်ျားတစ်ဦးက ဧပြီလအစောပိုင်းမှာ အသက် ၁၇ နှစ်အရွယ်အဆိုပါ အမျိုးသမီးကို သြစတေးလျနိုင်ငံအတွင်း ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်မှာ မလွတ်မြောက်ခင်အချိန်အထိ သူမကို နေအိမ်တစ်လုံးကိုခေါ်ဆောင်သွားခဲ့ပြီး ယေက်ျားအတော်များများက အဓမ္မကျင့် စော်ကားခဲ့ကြပါတယ်။

လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ လိင်ပြစ်မှုစုံစမ်းစစ်ဆေးရေးဌာနက အရာရှိတွေက အဆိုပါရာဇ၀တ်မှုကို လိုက်လံ ဖော်ထုတ်နေကြောင်း သိရှိရပါတယ်။
ခြေဦးတည့်ရာထွက်ပြေးရင်း အမျိုးသမီးတစ်ဦးက ကားနဲ့တင်ခေါ်လို့ စောင့်ရှောက်ရေးဂေဟာကို ရောက်ရှိခဲ့ ကြောင်း ဆယ်ကျော်သက်အမျိုးသမီးက ပြောပါတယ်။

ဂေဟာကနေတစ်ဆင့် အဆိုပါဆယ်ကျော်သက် အမျိုးသမီးကို ဆေးကုသမှုခံယူဖို့ ဆေးရုံကို ပို့ဆောင်ခဲ့တာဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းက ဂူနီယာနိုင်ငံမှာ ယောက်ျားတစ်ဦးနဲ့ ဆုံဖြစ်ခဲ့ကြောင်း၊ အဲဒီယောက်ျားက အလုပ်ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း ကာယကံရှင်အမျိုးသမီးက ရဲတပ်ဖွဲ့ကို ပြောပြခဲ့ပါတယ်။

အဲဒီနောက် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကနေတစ်ဆင့် သြစတေးလျနိုင်ငံအတွင်း သူတို့နှစ်ဦး လာရောက်ခဲ့ကြတာဖြစ်ပါတယ်။ သူမကို ကူညီပေးခဲ့တဲ့ အမျိုးသမီးနဲ့ တရားခံတွေကို ရဲတပ်ဖွဲ့က အပူတပြင်းလိုက်လံရှာဖွေနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)