အိန္ဒိယနိုင်ငံ  ဂိုအာတံတားပြိုကျမှု လူ ၃၀ ကျော် မြစ်ထဲကျ

0
301

အိန္ဒိယနိုင်ငံ   အနောက်ပိုင်း   ဂိုဝါပြည်နယ်တောင်ပိုင်းနဲ့  ဆန်ဗာဒွန်မြစ်ကို  ဖြတ်ကျော်ကာ  ကာချိုရမ်မြို့တို့ ဆက်သွယ်ထားတဲ့   ဂိုဝါတံတား  ပြိုကျမှုကြောင့် အနည်းဆုံး လူနှစ်ဦးသေဆုံးခဲ့ကာ   ဒဏ်ရာရရှိခဲ့သူ  အများအပြားရှိခဲ့ပါတယ်။

တံတားပြိုကျတဲ့  အချိန် တံတားပေါ်မှာ လူအယောက် ၅၀ ကျော်  ရှိနေခဲ့ပြီး ညနေဘက်မှာ ပြိုကျ ခဲ့တာ ဖြစ်တယ်လို့  ဒေသခံ မီဒီယာတွေမှာ ဖော်ပြထားခဲ့ပါတယ်။  အဲ့ဒီ တံတားဟာ နှစ်ပေါင်း ၆၀ ကျော်မျှရှိ နေပြီဖြစ်တဲ့အတွက်  သွားလာဖြတ်သန်းဖို့   ပိတ်ပင်ထားတာပဲ ဖြစ်ပါတယ်။

ပြိုကျမှုဟာ တံတားရဲ့ဘေး   လူသွားသံလမ်း  ပြိုကျတာဖြစ်ပြီး   တံတားပေါ်မှာရှိတဲ့    လူတွေအားလုံး မြစ်ထဲပြုတ်ကျခဲ့ကာ  တစ်ချို့လည်း ပြိုကျတဲ့တံတားပေါ် တန်းလန်းရှိနေခဲ့တယ်လို့  ကယ်ဆယ်ရေး ရဲတပ်ဖွဲ့ဝင် တစ်ဦး ကပြောပါတယ်။

အဲ့ဒီတံတားဟာ အန္တရာယ်ရှိတဲ့အတွက် ဖြိုချဖို့အစိုးရကို တင်ပြထားခဲ့ပြီး နှစ်ဖက်စလုံးက ပြည်သူတွေကိုလည်း ဖြတ်သန်းသွားလာမှု  မပြုလုပ်ကြဖို့  သတိပေးမှုတွေ ရှိခဲ့ပေမဲ့ ဖြတ်သန်းသွားလာနေကြဆဲဖြစ်တယ်လို့ ထပ်မံပြောကြားခဲ့တာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)