တရုတ် ခွေးသားစားပွဲတော် တားမြစ်မှု မရေရာသေး

0
283

တရုတ်နိုင်ငံက ယုလင်ခွေးသားစားပွဲတော်ကို ဒီနှစ်ကျင်းပရာမှာ ခွေးသားရောင်းချမှု ပိတ်ပင်သွားမှာဖြစ်ကြောင်း အမေရိကန် တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ဖော်ပြချက်အရသိရှိရပါတယ်။

ဒါပေမဲ့ အဆိုပါအဖွဲ့ရဲ့ပြောဆိုမှုအပေါ် သံသယဖြစ်ဖွယ်ရှိနေပြီး ခွေးသားရောင်းချသူတွေက ပိတ်ပင်မှုအကြောင်း သူတို့အနေနဲ့ မကြားမိသေးဘူးလို့ ပြောဆိုနေကြပါတယ်။

တရုတ်နိုင်ငံမှာ ခွေးသားစားမှုက တရားမ၀င်ပေမယ့်လည်း ဂွမ်ဂျီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ခွေးသားစားပွဲ တော်ကို နှစ်စဉ်၊ ဇွန်လအတွင်းကျင်းပနေပြီး ပြည်တွင်း၊ပြည်ပ ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
နေအိမ်မှာမွေးထားတဲ့ခွေးတွေကို ခိုးယူခံရပြီး ရက်ရက်စက်စက်သတ်ဖြတ်ခံနေရကြောင်း ဝေဖန်သူတွေကပြောပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းက ဒီပွဲတော်ဟာ အင်မတန်စည်ကားခဲ့ပြီး ခွေးနဲ့ကြောင် အကောင်ရေ တစ်သောင်းခန့် သတ်ဖြတ်စားသောက်မှုကို ဆယ်ရက်ကြာလုပ်ဆောင်ခဲ့ကြပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံတွင်းနဲ့ ပြည်ပက လှုပ်ရှားသူတွေရဲ့ ကန့်ကွက်ဝေဖန်မှုကြောင့် သတ်ဖြတ်တဲ့တိရစ္ဆာန်အရေ အတွက် တဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)