သမ္မတ နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတဲ့ ဘရာဇီးပြည်သူတွေ

0
293

ထောင်ပေါင်းများစွာရှိတဲ့  ဘရာဇီး ပြည်သူတွေ မနေ့က မေ ၁၈ ရက်နေ့က  ဘရာဇီးသမ္မတ မီရှဲလ်တန်မား ကို နှုတ်ထွက်ပေးဖို့  နဲ့ ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပပေးဖို့ ဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီဆန္ဒပြမှုတွေကို ဘရာဇီးနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် ရီယိုဒီ ဂျနဲရိုး မြို့မှာ  ဆိုင်းဘုတ်ကိုင်ဆောင်ပြီး ကြွေးကြော်မှုတွေ   ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ပုံမှန်အရ ရွေးကောက်ပွဲဟာ လာမဲ့ ၂၀၁၈ ရောက်မှ ကျင်းပရမှာဖြစ်ပေမဲ့  အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ ရွေးကောက်ပွဲစောစီးစွာ ကျင်းပ နိုင်ရေး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အတွက်ရွေးကောက်ပွဲပြုလုပ်ဖို့ လိုအပ်တယ်၊ ကျွန်တော်တို့ ကိုယ်တိုင်ရွေးချယ်မဲ့ သမ္မတ နဲ့ ဒီမိုကရေစီ နည်းလမ်းကျကျ တရားမျှတမှုတွေ လုပ်ဆောင်သွားပြီး တိုင်းပြည်တိုးတက်ဖို့အတွက် မှန်ကန်တဲ့ လုပ်ရပ်လုပ်ဆောင်တာပါလို့ ဆန္ဒပြတဲ့ သူတစ်ဦးကပြောပါတယ်။

အဲ့ဒီလို ဆန္ဒပြမှုတွေကို ဆာအိုပေါ်လို နဲ့ ဘရာဆီလီယာမြို့တွေမှာ လည်းပြုလုပ်ခဲ့ကြပြီး လာမဲ့ တနင်္ဂနွေနေ့မှာ ပိုပြီးကြီးမားတဲ့  ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ ပြည်တွင်းမီဒီယာတွေ မှာဖော်ပြထားခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)