ကိုလံဘီယာသင်္ဘောကျင်း ပေါက်ကွဲမှု နှစ်ခုဖြစ်ပွား

0
280

ကိုလံဘီယာနိုင်ငံ Cartagena မြို့က   သင်္ဘောကျင်းတစ်ခုမှာ   မေ ၁၈ ရက်နေ့က  ပေါက်ကွဲမှု တွေဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ၆ ဦး  သေဆုံးခဲ့ကာ ၂၂ ဦး  ဒဏ်ရာရရှိခဲ့တယ်လို့  ကိုလံဘီယာ ရဲတပ်ဖွဲ့ကပြောပါတယ်။

အဲ့ဒီသင်္ဘောကျင်းဟာ ကာရစ်ဘီယံစက်မှုဇုန်အတွင်း တည်ရှိပြီး  ပေါက်ကွဲမှု နှစ်ခုဖြစ်ပွားခဲ့ကာ သေဆုံးခဲ့ကြသူတွေကတော့ သင်္ဘောလုပ်သားတွေပဲ ဖြစ်ပါတယ်။ အရင်ဆုံး ပထမ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိနစ် သုံးဆယ်အကြာမှ  ဒုတိယပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီပေါက်ကွဲမှဟာ ဓါတ်ငွေ့ပေါက်ကွဲမှုက စတင်ခဲ့တာဖြစ်ပြီး  ပေါက်ကွဲရတဲ့အကြောင်းရင်းကို အာဏာပိုင်ရဲတပ်ဖွဲ့တွေ စစ်ဆေးနေကြတယ်လို့  မီးသတ်သမားတစ်ဦးကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)