ကမ္ဘာ့အဝဆုံးလူသား အစာအိမ်ချုံ့ ခွဲစိတ်မှု အောင်မြင်

0
257

ကိုယ်အလေးချိန် ၁၂၉၇ ပေါင်ရှိပြီး ကမ္ဘာ့အလေးဆုံး လူသားဖြစ်တဲ့ ဂျူယန် ပေဒရို ဖရန်ကိုဟာ အစာအိမ် ချုံ့ပစ်တဲ့ ခွဲစိတ်မှုအပြီး ဆေးရုံက ဆင်းခွင့် ရပြီ ဖြစ်ပါတယ်။

မက္ကဆီကို နိုင်ငံ၊ အက်ဂွာကာလီယန်တက်စ် ဆိုတဲ့ မြို့ငယ်ကလေးက အသက် ၃၂ အရွယ် ဖရန်ကိုဟာ မေလ ၉ ရက်နေ့ စတင် ဆေးရုံတက်ပြီး ၅ လီတာလောက် ကျယ်နေတဲ့ သူ့အစာအိမ်ကို ဖန်ခွက်တစ်ခွက်စာ အရွယ် ချုံဖို့ ခွဲစိတ်မှု ခံယူတာ ဖြစ်ပါတယ်။ ဒီလို အစာအိမ်ကို ချုံ့လိုက်တဲ့အတွက် ကိုယ်အလေးချိန် ၁၂၉၇ ပေါင်ကနေ ၉၂၆ ပေါင်အထိ ကျသွားဖို့ သူက မျှော်လင့်ထားပါတယ်။

ဆေးရုံက မဆင်းခင် ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဖရန်ကိုက အားလုံး အဆင်ပြေဖို့ မျှော်လင့်ကြောင်း၊ သူလုပ်ချင်တာ၊ လုပ်ရမှာတွေကို အဆင်ပြေပြေ လုပ်လို့ ရလာနိုင်လိမ့်မယ်လို့လည်း သူက ပြောသွားပါတယ်။

သူ့ခွဲစိတ်မှုကို ဦးဆောင်တဲ့ ဆရာဝန် ဒေါက်တာ ဂျို့စ် အန်တိုနီယို ကတ်စတာနေဒါက သူ့ကို ခွဲစိတ်ပြီးနောက် တိုးတက်မှုဟာ ကောင်းမွန်ပါတယ်၊ ဒီလောက် မြန်မြန်ဆန်ဆန် ကောင်းလာဖို့ မထင်ထားခဲ့ဘူး၊ ဆေးပညာ လောကမှာတော့ ကောင်းမွန်တဲ့ အံ့သြစရာ အမှန်တရား ဖြစ်ပါတယ်လို့ ပြောပါတယ်။

သူ့ထက်အရင် ကမ္ဘာ့အဝဆုံး လူသားဖြစ်ခဲ့တဲ့ မက္ကဆီကိုက မန်နူယယ် အူရစ်ဘ်ဟာ ၂၀၁၄ မှာ သေဆုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)