ဂျပန်နိုင်ငံနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စတွေကိုပြုလုပ်လိုကြောင်း အမေရိကန်ဒုသမ္မတ မိုက်ခ့်ပန့်ပြော

0
306

အမေရိကန်ဒုသမ္မတ မိုက်ခ့်ပန်ဟာ ဂျပန်နိုင်ငံနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စတွေအခိုင်အမာ ရရှိစေဖို့ ဂျပန်နိုင်ငံက စီးပွားရေး ခေါင်းဆောင်တွေနဲ့ ဧပြီလ ၁၉ ရက်မှာမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဂျပန်ကုမ္ပဏီ ၅၀ ကျော်က ခေါင်းဆောင်တွေနဲ့  အစဉ်အဆက်တွဲဖက်လာခဲ့တဲ့ အမေရိကန်ရဲ့ စီးပွားရေးမှာ ဂျပန်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။ ( ဥပမာ အားဖြင့် တိုရိုတာကုမ္ပဏီနဲ့ Softbank တိုလို့ ကုမ္ပဏီမျိုးတွေရဲ့ အကျိုးအမြတ်နဲ့ ရလဒ်တွေကို ဖော်ပြခဲ့တာပါ။

အမေရိကန်၊  ပီရူး၊  နယူးဇီလန်  ၊ ချီလီ ၊ မလေးရှား၊  ဂျပန် ၊ စင်္ကာပူ ၊  သြစတေးလျ ၊  ဘရူနိုင်း၊   ကနေဒါ ၊   မက္ကဆီကို  ၊ နယူးဇီလန် နဲ့ ဗီယက်နမ် နိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၂ နိုင်ငံနဲ့ (TPP) ဆိုတဲ့ ပစိဖိတ်ကုန်သွယ်ရေးမဟာမိတ် စီးပွားရေး နိုင်ငံတွေ  အဖြစ်သဘောတူညီညီမှု ရယူထားခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ သမ္မတ ဒေါ်နယ်ထရမ့်တက်လာခဲ့တဲ့ နောက် (TPP) အဖွဲ့ကနေခွဲထွက်ခဲ့ပြီး  ဂျပန်နိုင်ငံနဲ့ ကုန်သွယ်ရေး ဆိုင်ရာကိစ္စတွေကို   ပြန်လည်ပြု လုပ်ဖို့မျှော်လင့်ကြောင်းပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းကပဲ ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေး ဟာ  သမ္မတဟောင်း အိုဘားမားနဲ့အတူ  အမေရိကန်ပြည်ထောင်စု ပုလဲဆိပ်ကမ်းကို သွားရောက် လည်ပတ်ခဲ့တာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)