အမေရိကန်နိုင်ငံကို ပစ်လွှတ်လိုက်တဲ့ မြောက်ကိုရီးယားဒုံးကျည်

0
246

မြောက်ကိုရီးယားနိုင်ငံအတွင်း ဧပြီလ ၁၅ နေ့က ကျရောက်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံကိုတည်ထောင်ခဲ့သူ ကင်အီဆွန်းရဲ့ မွေးနေ့ ပွဲကို မြေးဖြစ်သူ မြောက်ကိုရီး ယား ခေါင်းဆောင် ကင်ဂျုံအမ်း  ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

အဲ့ဒီမွေးနေ့ပွဲ ပြုလုပ်တဲ့ ဂီတဖျော်ဖြေပွဲမှာ အမေရိ ကန်ပြည် ထောင်စုအထိ ပစ်လွှတ်နိုင်ခဲ့တဲ့ ဒုံးကျည်ပုံစံ သရုပ်ပြဗီဒီယိုတစ်ခုကို ဖန်တီး ပြသခဲ့ကျတာဖြစ်ပါတယ်။

ခေါင်းဆောင် ဟောင်း ကင်အီဆွန်းရဲ့ ၁၀၅ နှစ်မြောက်မွေးနေ့မှာ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ပစိဖိတ်သမုဒ္ဒရာ ကိုကျော်လွန်ပြီး အဓိကပစ် မှတ်ထားတဲ့ အမေရိကန်ပြည်ထောင်စုကို ထိမှန်သွားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို  ဧပြီလ ၁၈ ရက်နေ့က လှောင်ပြောင်ပြ သခဲ့ကျ တာဖြစ် ပါတယ်။  

ကင်အီဆွန်းဟာ မြောက်ကိုရီးယား နိုင်ငံကို ဒုတိယ ကမ္ဘာစစ်အပြီး စတင်တည်ထောင်ခဲ့သူဖြစ်ပြီး သူသေဆုံးပြီးနောက်သားဖြစ်သူ ကင်ဂျုံအီက အုပ်ချုပ်ခဲ့ပြီး လက်ရှိခေါင်းဆောင်ကတော့ မြေးဖြစ်သူ ကင်ဂျုံအမ်း ပဲဖြစ်ပါတယ်။

ဖေဖော်ဝါရီလအတွင်းက တာဝေးပစ်ဒုံးကျည် ပစ်လွှတ် အောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယားဘက်က ထုတ်ဖော်ပြောဆို ထားခဲ့ပါတယ်။ အမေရိကန်ရဲ့ ခြိမ်းခြောက် မှုတွေနဲ့ ကိုရီးယာကျွန်းဆွယ်ကိစ္စတွေကြား တင်းမာမှုတွေရှိ နေဆဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)